Myanma Awba Banner

မြန်မာ့သြဘာလုပ်ငန်းစုသည် မြန်မာ့ စိုက်ပျိုးရေးကို အလေးထားသော မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍရှိ ဦးဆောင်ကုမ္ပဏီတစ်ခု ဖြစ်ပါသည်

စိုက်ပျိုးသူတောင်သူဦးကြီးများ၏ စိုက်ပျိုးသီးနှံများ ပိုမိုကောင်းမွန်သောအရည်အသွေး နှင့် ပိုမိုများပြားသောအရေအတွက်ရရှိနိုင်ရန် အတွက် ကျွန်ုပ်တို့သည် ကမ္ဘာကောင်းဆုံးနည်းပညာများကို အသုံးချ၍ တောင်သူဦးကြီးများအတွက် အသင့်တော်အကောင်းမွန်ဆုံး ဝန်ဆောင်မှုများကို ထောက်ပံ့ပေးနေပါသည်။

တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ကောင်းမွန်ရေး ကို ကူညီပေးခြင်းဖြင့် ကျေးလက်ဒေသ ဖွံဖြိုးရေး နှင့် မြန်မာနိုင်ငံတော်၏ စီးပွားရေး လူမှုရေးတို့ကို အရှိန်အဟုန်မြင့်စွာ ဆောင်ရွက်ပေးနိုင်မည် ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

play_arrow

ကျွန်ုပ်တို့၏ သမိုင်းကြောင်း

မြန်မာ့သြဘာလုပ်ငန်းစုကို ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တဖြည်းဖြည်းနှင့် ဖွံဖြိုးကြီးထွားလာခဲ့ ပြီး ယခုဆိုလျှင် မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍတွင် ဈေးကွက်ဦးဆောင် အဖွဲ့အစည်းတစ်ခု အဖြစ် ရပ်တည်နေပါသည်။

ဝန်ထမ်းအင်အား ၁၅၀၀ တို့နှင့်အတူ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံ ၏ အကြီးမားဆုံးသော စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်ဖြန့်ချိသည့် အဖွဲ့အစည်းဖြစ်ပြီး တောင်သူဦးကြီးများအား သီးနှံ အထွက်တိုးလာစေရန် ထိရောက်ကောင်းမွန်သော စိုက်ပျိုးရေးအသိပညာပေး သင်တန်းများကို လည်း ပေးစွမ်းနေပါသည်။ ကျွန်ုပ်တို့သည် အစိုးရအဖွဲ့အစည်းပြီးလျှင် စိုက်ပျိုးရေးပညာရှင်အများဆုံး အဖွဲ့အစည်းဖြစ်ပြီး တစ်နိုင်ငံလုံးရှိ မြို့နယ်ဒေသ အနှံ့ ဆက်စပ်မှုရှိပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဖြန့်ချိရေး ကွန်ယက်များ၊ စိုက်ပျိုးသူတောင်သူဦးကြီးများ ကို စိုက်ပျိုးရေးပညာပေး ကွန်ယက်များကို အသုံးချကာ ကျေလက်ဒေသ နှင့် စိုက်ပျိုးရေးဒေသများ ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားနေပါသည်။

ကျွန်ုပ်တို့၏ အဖွဲ့ နှင့် တွေ့မည်

ကျွန်ုပ်တို့ ၏လုပ်ငန်း

မြန်မာ့သြဘာလုပ်ငန်းစုသည် ကုန်သွယ်နိုင်မှုစွမ်းအားများ၊ ကုန်ထုတ်လုပ်ငန်းစက်ရုံများ ဖြင့် လည်ပတ်နေသည့် ကျယ်ပြန့်သော စိုက်ပျိုးရေး လုပ်ငန်း အဖွဲ့အစည်းဖြစ်ပါသည်။

ကျွန်ုပ်တို့သည် သီးနှံကာကွယ်ရေး၊ သီးနှံအာဟာရ၊ အရည်အသွေးမြင့်မျိုးစေ့များ၊ အသေးစားချေးငွေ၊ ဒီဂျစ်တယ် စက်ပစ္စည်းများ၊ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ဖြန့်ချိခြင်းများ နှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အထူးဆောင်ရွက်ပါသည်။

ကျွန်ုပ်တို့သည် ကမ္ဘာ့အသိအမှတ်ပြုအဖွဲ့အစည်းများနှင့်လည်း တွဲဖက်လုပ်ကိုင်ပြီး ဆက်လက်တွဲဖက်လုပ်ကိုင်ရန် ကိုယ်ပိုင်လုပ်ငန်းများ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်ပါသည်။ 

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများကို လေ့လာရန်
Myanma Awba Banner

ကျွန်ုပ်တို့၏ ဦးတည်ချက် နှင့် တန်ဖိုးများ

စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိက အသက်သွေးကြော ဖြစ်ပါသည်။ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်သည် စိုက်ပျိုးရေးကဏ္ဍတွင် တိုက်ရိုက်ပါဝင်ပါက်သက်ပါသည်။ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ GDP ၏ ၄၀ ရာခိုင်နှုန်းခန့်ရှိ ပြီး တင်ပို့ကုန်ဝင်ငွေများ၏ ၂၀% အထက်ရှိပါသည်။ အဓိကဈေးကွက်များနှင့်နီးကပ်စွာရှိခြင်း၊ သဘာဝအရင်းအမြစ်များ ကြွယ်ဝစွာရှိခြင်း၊ နှင့် မတူညီသော ရာသီဥတု များ ရှိခြင်းကြောင့် မြန်မာနိုင်ငံသည် အစားအစာထုတ်လုပ်ရေးအတွက် အသင့်တော်ဆုံး အခန်းကဏ္ဍ အနေဖြင့် ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ ရည်မှန်းချက် သည် လယ်သမားများကိုအလေးထားသော၊ အကျိုးပြုစေသော ၊ရေရှည်ရပ်တည်နိုင်သော စိုက်ပျိုးရေး တန်ဖိုးကွင်းဆက် လုပ်ငန်းများအတွက် စံပြ လုပ်ငန်းဖြစ်ရန်ဖြစ်ပါသည်။

နိုင်ငံ၏ အရေးကြီှးဆုံးကဏ္ဍတွင် ပါဝင်သော တောင်သူဦးကြီးများကို ဝန်ဆောင်မှုပေးခြင်း၊ ထောက်ပံ့မှုပေးခြင်းများဆောင်ရွက်ပေးခြင်း အစရှိသည့် အရေးပါလှသော တန်ဖိုးကွင်းဆက်များကို ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ပြောင်းလဲစေမည်ဟု ကျွန်ုပ်တို့ မှ ယုံကြည်ပါသည်။

Read More

ကျွန်ုပ်တို့၏တာဝန်

ပိုမိုများပြားပြီး ပိုမိုအရည်အသွေးကောင်းမွန်သော သီးနှံများကို ပေးစွမ်းရန်

ပိုမိုများပြားပြီး  ပိုမိုအရည်အသွေးကောင်းမွန်သော သီးနှံများကို ပေးစွမ်းရန်

တောင်သူဦးကြီးများကို စိုက်ပျိုးရေးအသိပညာများပေးစွမ်း၍ တိုးတက်လာစေရန်

တောင်သူဦးကြီးများကို စိုက်ပျိုးရေးအသိပညာများပေးစွမ်း၍ တိုးတက်လာစေရန်

ကျေးလက်နေပြည်သူများ ကြွယ်ဝချမ်းသာလာစေရန်

ကျေးလက်နေပြည်သူများ ကြွယ်ဝချမ်းသာလာစေရန်

သတင်း

Myanma Awba supports rural entrepreneurship across Myanmar

Myanma Awba supports rural entrepreneurship across Myanmar

Myanma Awba Group announces its role as key sponsor of the Myanmar Global Entrepreneurship Week held from 13-20th November 2016. Established over twenty ye

Press Release | 15 Nov 2016Read More
သတင်းများအားလုံးကြည့်ရန်

ကျွန်ုပ်တို့၏ စီးပွားရေးလုပ်ငန်းများ

မြန်မာ့သြဘာလုပ်ငန်းစု၏ စီးပွားရေးလုပ်ငန်း နှင့် ကုမ္ပဏီခွဲများသည် Value Chain အဆင့်ဆင့်တို့တွင် တိုးချဲ့ ယှက်ဖြာ လုပ်ကိုင် လျက်ရှိသည်။ ကျွန်ုပ်တို့သည် စိုက်ပျိုးရေးသုံး ဓါတုဆေးဖော်စပ်ခြင်း နှင့် အမှုန့်အခဲများထုတ်လုပ်ခြင်း၊ ကုန်ချောအဖြစ်ထုတ်လုပ်ခြင်း၊ ထုပ်ပိုးပြင်ဆင်ခြင်း နှင့် ထောက်ပံ့ပို့ဆောင်ရေးမှ အစ ဈေးကွက်ရှာဖွေရေးနှင့် ငွေကြေးစီမံမှုအထိ ဘက်စုံလုပ်ကိုင်လျက်ရှိပါသည်။

 အောက်ပါတို့ကို နှိပ်ပြီး ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများအကြောင်း လေ့လာနိုင်ပါသည်

သီးနှံကာကွယ်ရေး

သီးနှံကာကွယ်ရေး

အိမ်နီးချင်း အာဆီယံနိုင်ငံများနှင့်တန်းတူ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရန် မြန်မာ့တောင်သူ ဦးကြီးများအား အထိရောက်ဆုံးနှင့် ဆန်းသစ်ဆုံး သီးနှံကာကွယ်ရေး သွင်းအားစုများကို ဖော်ဆောင်ပေးရန် မြန်မာ့သြဘာလုပ်ငန်းစုမှ ရည်စူးလျှက်ရှိသည်။ မိမိတို့လုပ်ငန်းစုအနေဖြင် သီးနှံကာကွယ်ရေး ထုတ်ကုန်များကို ၁၉၉၅ ခုနှစ်ကတည်းက ထုတ်လုပ်ဖြန့်ဖြူးခဲ့ပါသည်။ ကျွန်ုပ်တို့တွင် စိုက်ပျိုးရေးပညာရှင်ပေါင်း (၁၀၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသော တောင်သူပညာပေးအသင်းရှိပြီး စိုက်ပျိုးရေးဆေးများကို အန္တရာယ်ကင်းစွာနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေး တောင်သူပညာပေး လုပ်ငန်းများဆောင်ရွက်လျှက်ရှိပါသည်။ ကျွန်ုပ်တို့အသင်း အနေဖြင့် ကျေးရွာများသို့သွားရောက်၍ တောင်သူများ၏ လိုအပ်ချက်များကို စောင့်ကြည့်လေ့လာပြီး သီးနှံ စိုက်ပျိုးရေးနှင့်ပါတ်သက်သော နည်းပညာများ ထောက်ပံ့ပေးလျှက်ရှိပါသည်။


Read More
close

သီးနှံအာဟာရ

သီးနှံအာဟာရ

ခေတ်သစ်လယ်ယာစိုက်ပျိုးရေးတွင် အရည်အသွေးမြင့် မြေသြဇာများမှာ အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သည်။ မြန်မာနိုင်ငံ၏ အဓိကသီနှံများဖြစ်သော စပါး၊ ပြောင်း နှင့် ပဲများ၏ ထွက်နှုန်းမှာ အိမ်နီးချင်းနိုင်ငံများ နှင့်ယှဉ်လျှင် အလွန်နောက်ကျနေသေးသည်။ မိမိတို့လုပ်ငန်းစုသည် ၂၀၀၅ ခုနှစ်ကတည်းက မြေသြဇာလုပ်ငန်း ကို စတင်ခဲ့ပါသည်။
စိုက်ပျိုးသီးနှံအမျိုးမျိုးနှင့် ကိုက်ညီသော မြေသြဇာအမျိုးမျိုးတို့ကို ထုတ်လုပ်လျှက်ရှိပြီး ၂၀၁၀ ခုနှစ်တွင် ပထမဦးဆုံးသော ရေနွေးငွေ့သုံး granulation စက်ရုံ နှင့်ကမ္ဘာ့အဆင့်မှီ ရောစပ်ထုတ်လုပ်သော စက်ရုံတို့ကို တည်ဆောက်ခဲ့ပါသည်။ မြန်မာ့သြဘာလုပ်ငန်းစုသည် မြန်မာနိုင်ငံမြေထုနှင့် ကိုက်ညီပြီး သီနှံအာဟာရအတွက် အကောင်းဆုံးရောစပ်ထုတ်လုပ်ထား သော မြေသြဇာအမျိုးမျိုးတို့ကို ဖြန့်ဖြူးပေးလျှက်ရှိပါသည်။ ၄င်းမြေသြဇာများမှာ အလျင်အမြန် အချိန်တိုအတွင်း မှာပင် တောင်သူဦးကြီးများကြားတွင် ကြိုက်နှစ်သက်ဆုံးဖြစ်လာခဲ့သည်။


Read More
close

သီးနှံမျိုးစေ့များ

သီးနှံမျိုးစေ့များ

သီးနှံထွက်ရှိမှု အကောင်းဆုံးဖြစ်စေရန် အရည်အသွေးကောင်းမျိုးစေ့များမရှိမဖြစ်လိုအပ်သည်။ မြန်မာ့သြဘာ လုပ်ငန်းစုသည် နိုင်ငံတကာတွင် လုပ်ကိုင်နေသော မျိုးစေ့ကုမ္ပဏီကြီးများမှ အရည်အသွေးမြင့် မျိုးစေ့များကို ဖြန့်ဖြုးလျှက်ရှိပြီး ဒေသအတွင် အဓိကသီးနှံအမျိုးမျိုး၏ မျိုးပွားလုပ်ငန်းတွင်လည်း တက်ကြွစွာ လုပ်ကိုင်လျှက် ရှိပါသည်။


Read More
close

ကုန်ထုတ်လုပ်မှု နှင့် သယ်ယူပို့ဆောင်မှု

ကုန်ထုတ်လုပ်မှု နှင့် သယ်ယူပို့ဆောင်မှု

မြန်မာ့သြဘာလုပ်ငန်းစု၏ ကုန်ထုတ်လုပ်မှု ကဏ္ဍကို ဦးဆောင်ပြုလုပ်နေသော ပီတိပြည့်စုံကုမ္ပဏီမှ စီမံခန့်ခွဲမှု၊ ထုတ်လုပ်မှု နှင့် ဖြန့်ဖြူးမှုများတွင် Total Quality Management (TQM) နှင့် Six Sigma တို့ကို ကျင့်သုံးလျှက်ရှိပါသည်။ ဝန်ထမ်းများ၏ကျန်းမာရေး နှင့် လုပ်ငန်းခွင် လုံခြုံစိတ်ချရရေးအား ISO စည်းမျဉ်း စည်းကမ်းများနှင့်အညီဆောင်ရွက်ခြင်း အပါအဝင် စိုက်ပျိုးရေးသုံး ဆေးပစ္စည်းများထုတ်လုပ်ခြင်း၊ ပို့ဆောင်ဖြန့်ချိခြင်း များနှင့် ပါတ်သက်သော အရည်အသွေးမြင့် စီမံခန့်ခွဲမှု ဆုတံဆိပ် ISO 9001:2008 ကို ၂၀၁၂ ခုနှစ်တွင် ပီတိပြည့်စုံမှ ရရှိခဲ့ပါသည်။


Read More
close

အသေးစားချေးငွေ

အသေးစားချေးငွေ

ပြီးခဲ့သောနှစ်များတွင် မဟာသြဘာ အသေးစားချေးငွေလုပ်ငန်း ပေါ်ထွန်းလာ ခဲ့ခြင်းနှင့်အတူ မြန်မာ့သြဘာလုပ်ငန်းစု အနေဖြင့် တောင်သူများ၏ ပြဿ နာကို ချေးငွေချပေးခြင်းနှင့် လွယ်ကူ သော ငွေပြန်လည် ပေးချေမှု စနစ်ဖြင့် ကူညီဖြေရှင်းပေးခဲ့သည်။


Read More
close

သုတေသန နှင့် ဖွံ့ဖြိုးရေး

သုတေသန နှင့် ဖွံ့ဖြိုးရေး

မြန်မာ့သြဘာ လုပ်ငန်းစုသည် သီးနှံကာကွယ်ခြင်းနှင့် သီးနှံအာဟာရ နည်းပညာသစ်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေသော ကမ္ပဏီကြီး တစ်ခုအနေဖြင့် ဂုဏ်ယူစွာ ရပ်တည်လျှက်ရှိပါသည်။ အကောင်းဆုံး ကုန်ပစ္စည်းများကို ထုတ်လုပ်ပြီး နောက်ဆုံးပေါ် ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ်ရရှိစေမည့် သွင်းအားစုထုတ်ကုန်များကို လည်း ဆက်လက်တင်သွင်းလျှက်ရှိပါသည်။


Read More
close

ခေတ်သစ် လယ်ယာကဏ္ဍ

ခေတ်သစ် လယ်ယာကဏ္ဍ

သီးနှံမျာတွင် အထွက်တိုးမှုအကောင်းဆုံးစံချိန်များ ဖော်ဆောင်ပေးနိုင်ရန် တီထွင်ဆန်းသစ်သော နည်းပညာများအား အစဉ်တစ်ဆက် စောင့်ကြည့်လေ့လာပြီး ကျင့်သုံးလျှက်ရှိပါသည်။


Read More
close

စီးပွားဖွံ့ဖြိုးတိုးတက်ရေး

စီးပွားဖွံ့ဖြိုးတိုးတက်ရေး

သီးနှံမျာတွင် အထွက်တိုးမှုအကောင်းဆုံးစံချိန်များ ဖော်ဆောင်ပေးနိုင်ရန် တီထွင်ဆန်းသစ်သော နည်းပညာများအား အစဉ်တစ်ဆက် စောင့်ကြည့်လေ့လာပြီး ကျင့်သုံးလျှက်ရှိပါသည်။


Read More
close

အလုပ်အကိုင်အခွင့်အလမ်းများ

ကျွန်ုပ်တို့၏ ဦးတည်ချက် မှာ မြန်မာ့စိုက်ပျိုးရေး ကဏ္ဍကိုပြုပြင် ပြောင်းလဲရန်ဖြစ်ပြီး ထိုသို့လုပ်ဆောင် နိုင်ရန် အထူးအရည်အသွေးမြင့်ကျွမ်းကျင် ဝန်ထမ်းများကို ရှာဖွယ်လျက်ရှိပါသည်။ ကျွန်ုပ်တို့သည် မိမိတို့ စိုက်ပျိုးသော သီနှံကဲ့သို့ပင် မိမိတို့၏ အဖွဲ့အား ပြုစုပျိုးထောင် ပေးခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေး ကဏ္ဍ၏ အနာဂါတ် ခေါင်းဆောင်များ မွေးထုတ်ပေးလျက်ရှိပါသည်။ 

ကျွန်ုပ်တို့တွင် ပြင်းပြသော ပန်းတိုင်တစ်ခုရှိပြီး၊ ၄င်းပန်းတိုင်အား လယ်ယာစိုက်ပျိုးရေးကို ချစ်မြတ်နိုး၍ ကျွမ်းကျင်မှပြည့်ဝသူများ ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ လုပ်ငန်းစုကြီး လျင်မြန်စွားတိုးတက်လာသည်နှင့်အမျှ ဖြစ်ထွန်းလာသည့် အခွင့်အလမ်းကောင်းများ အတွက် စွမ်းဆောင်ရည်မြင့် မြန်မာ့လူငယ်များ အားလိုအပ်နေပါသည်။

Myanma Awba Banner

ဆက်သွယ်ရန်

ကျွန်ုပ်တို့၏ ရုံးချုပ်သည် ရန်ကုန်မြို့မြောက်ဘက်ရှိ (၈)မိုင်လမ်းဆုံတွင် ရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လာလျှင် (၁၅)မိနစ် သာကြာ  မည်ဖြစ်သည်။

room အမှတ်(၉၅-အေ)၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ၈ မိုင်၊
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့
+95 (1) 663399
+95 (1) 663536

မြန်မာ့သြဘာ လုပ်ငန်းစုသို့ ဆက်သွယ်မေးမြန်းခြင်းကို ကြိုဆိုပါသည်။ အောက်ပါတို့ကို ဖြည့်စွက်၍ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။ နောက်ဆုံးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ ကို စဉ်ဆက်မပျက် လေ့လာပြီး ကျွန်ုပ်တို့နှင့် facebook/ LinkedIn အစရှိသော လူမှုကွန်ယက်များမှတစ်ဆင့် ပါဝင်ပြီး ဆက်သွယ် ဆွေးနွေးနိုင်ပါသည်။ 

×

© 2016-2017 Myanma Awba Company Ltd. All Rights Reserved. Site by Pixel Directs