ရေရှည်တည်တံ့ခိုင်မြဲရေး2018-05-31T11:52:38+00:00

ရေရှည်တည်တံ့ခိုင်မြဲရေး

လူနေမှုဘဝများ မြှင့်တင်ရန် ရေရှည်တွင်အကျိုးရှိစေမည့် ဖြေရှင်းချက်များကို လူ့အသိုင်းအဝိုင်းနှင့်အတူပူးပေါင်းဖော်ထုတ်

အဆိုပါ ခံယူချက်သဘောထားသည် မြန်မာ့သြဘာ၏ နှုန်းစံတန်ဖိုးမဏ္ဍိုင် ၄ ခုအပေါ်တွင် အခြေခံသည်။

လူနေမှုဘဝမြှင့်တင်မှုရေရှည်တွင်တည်မြဲမည့် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက်ပူးပေါင်းမှုဂရုစိုက်စောင့်ရှောက်မှု

မြန်မာ့သြဘာသည် ရေရှည်တွင် တည်တံ့ခိုင်မြဲပြီးအကျိုးရှိစေသည့် ဖြေရှင်းချက်များဖြင့် မိမိတို့နေထိုင်လုပ်ကိုင်သည့် လူနေမှုအသိုင်းအဝိုင်းရှိ တောင်သူဦးကြီးများနှင့် ၎င်းတို့မိသားစုများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုအပေါ် အကဲဖြတ်ခြင်း

မြန်မာ့သြဘာလုပ်ငန်းစုသည် မှော်ဘီမြို့နယ်ရှိဒေသခံတို့၏ စိုးရိမ်ပူပန်မှုကိုသိရှိနားလည်သောကြောင့် Hmawbi Agricultural Input complex (HAIC) စက်ရုံ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများကို နိုင်ငံတကာမှ သတ်မှတ်ထားသည့်အတိုင်းလိုက်နာလုပ်ဆောင်သွားမည်ဖြစ်သည်။

၂၀၀၃ ခုနှစ်၏ သဘာဝပတ်ဝန်းကျင်ဥဒေအရ စီမံကိန်းဆောက်လုပ်ပြီးစီးချိန်တွင် ကြားခံတတိယအဖွဲ့အစည်းမှ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) ကိုဆန်းစစ်လေ့လာအကဲဖြတ်သွားမည်ဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ပြီးနောက်တွင် မြန်မာ့သြဘာသည် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ လမ်းညွှန်ပြသမှုဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) အသစ်ကိုထပ်မံဆန်းစစ်ပြုလုပ်ခဲ့သည်။

ESIA အစီရင်ခံစာကို ကြည့်ရှုရန်

Grievance Mechanisms ကို မှော်ဘီဒေသရှိ လုပ်ငန်းတွင် အသုံးပြုပုံ

Grievance Mechanism ဆိုတာဘာလဲ?

မြန်မာ့သြဘာစီမံကိန်းများ၏ အကျိုးသက်ရောက်မှုကိုခံရသည့် လူမှုအသိုင်းအဝိုင်းမှ တိုင်ကြားချက်များနှင့် အကြံပြုချက်များကိုသိရှိနားလည်စေရန်၊ မြန်မာ့သြဘာနှင့် လူမှုအသိုင်းအဝိုင်းကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရရှိစေရန် လုပ်ဆောင်ပေးသောအရာတစ်ခုဖြစ်သည်။

မြန်မာ့သြဘာ၏ ထူးခြားသောယုံကြည်ချက်နှင့် လုပ်ဆောင်ပုံ

  • လူမှုအသိုင်းအဝိုင်းမှ ဒေသခံကိုယ်စားလှယ်များကိုသင်တန်းပေးခြင်း
  • ထိရောက်သောသင်ကြားမှုအတွက် ကာတွန်းနှင့် အခြားဆွဲဆောင်မှုရှိသောနည်းလမ်းများကိုအသုံးပြု၍ သင်ကြားခြင်း
  • ရပ်ရွာဒေသအတွက် ဆိုင်းဘုတ်များထောင်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

လုပ်ဆောင်ပုံ

မြန်မာ့သြဘာနှင့် လူမှုအသိုင်းအဝိုင်းကြား အပြန်အလှန်ဆက်ဆံရေးရှိအောင် ပြုလုပ်ခြင်း

လူမှုအသိုင်းအဝိုင်းရှိ ဒေသခံများမှ မိမိတို့ဆန္ဒအားလွတ်လပ်စွာထုတ်ပြောခွင့်ရှိခြင်း

စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များလျော့နည်းအောင် စီမံခန့်ခွဲခြင်း

လူမှုအသိုင်းအဝိုင်းအကြား လုပ်ငန်းလုပ်ကိုင်ရန် လူမှုရေးလိုင်စင် ရရှိအောင် ပြုလုပ်ခြင်း

ဆောင်ရွက်ခဲ့သောလုပ်ဆောင်ချက်များ

မှော်ဘီစီမံကိန်း၏ အကျိုးသက်ရောက်မှုကိုခံရသည့် ဒေသခံများ၊ ကိုယ်စားလှယ်များနှင့် နှစ်ကြိမ်တိုင် တွေ့ဆုံဆွေးနွေးပြီးနောက်တွင် ဂရုပြုရမည့်ကိစ္စ ၄၂ ရပ်ကိုမြန်မာ့သြဘာမှသိရှိခဲ့သည်။

ကနဦးစီမံကိန်းကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်ခဲ့ရာထိုစတင်ချိန်မှစ၍ ယခုအချိန်ထိရရှိခဲ့သည့် တိုင်ကြားမှုပေါင်းသုံးခုအနက် နှစ်ခုကိုဖြေရှင်းခဲ့ပြီးကျန်တစ်ခုမှာလုပ်ဆောင်နေဆဲဖြစ်သည်။

ဒေသခံကိုယ်စားလှယ်များ

ကျေးလက်နေပြည်သူများမှ Grievance Mechanisms ဟုခေါ်သည့် နည်းလမ်းအသစ်ကိုအသုံးပြု၍ တိုင်ကြားမှုများနှင့် အကြံပေးမှုများကို ပြုလုပ်နိုင်ရန် ကျေးလက်ဒေသများမှ ဒေသခံကိုယ်စားလှယ်များကိုရွေးချယ်ထားရှိပါသည်။ အဆိုပါ ကိုယ်စားလှယ်များသည် လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြားနားလည်မှုရရှိအောင် အဓိကညှိုနှိုင်းပေးသူများဖြစ်သည်။

ေဒသခံကိုယ္စားလွယ္မ်ား

ဇင်မာဝင်း

“အခုဆိုရင် အမျိုးသမီးတွေလည်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နိုင်ပြီဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ အမျိုးသမီးထုုကို ပါဝင်ဖို့ တိုက်တွန်းသွားမှာ ဖြစ်ပါတယ်”

မြင့်အောင်နိုင်

“ကျွန်တော်ကတော့ သတင်းအချက်အလက်တွေ နှင့် လုပ်ငန်းလုပ်ပုံအဆင့်ဆင့်အကြောင်းကိုုသိရှိသင်ကြားလိုပါတယ်။ ပြီးတော့ ကျွန်တော် သင်ယူရရှိထားတဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကိုဒေသခံပြည်သူတွေနဲ့ မျှဝေချင်လို့ အခုလိုဒေသခံကိုယ်စားလှယ်လုပ်ခဲ့တာ ဖြစ်ပါတယ်”

စန်းစန်းမြင့်

“နှစ်ဦးနှစ်ဖက်အတွက် ကောင်းမွန်တဲ့ရလဒ်တွေရရှိဖို့ အတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှသာ ဖြစ်နိုင်ပါတယ်”

ရဲလင်းနိုင်

“ကျွန်တော်အမြင်ကတော့ ကိုယ့်ဘက်ကအားစိုက်ထုတ်မှုမပါဘဲသူများဆီကဘဲရယူဖို့ မမျှော်လင့်သင့်ပါဘူး။ ကိစ္စရပ်တိုင်း၊ အခက်အခဲတိုင်းကိုအတူတူရင်ဆိုင်ဖြေရှင်းသင့်ပါတယ်”

မြန်မာ့သြဘာလုပ်ငန်းစု

အမှတ် ၉၅ (အေ)၊ ကျိုက်ဝိုင်းဘုရားလမ်း၊
၈မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
+၉၅ (၁) ၆၆၃၃၉၉, +၉၅ (၁) ၆၆၃၅၃၆