မြန်မာ့သြဘာ၏မှတ်တမ်း

၃.၂

သြဘာမှ ထုတ်ကုန်များအား အသုံးပြုသည့် လယ်ယာစိုက်ပျိုးသော မိသားစုများ

၄၉

စိုက်ပျိုးရေးကဏ္ဍတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံရှိလုပ်သားရာခိုင်နှုန်း (အချက်အလက်ရင်းမြစ်: အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာရုံး / Annual Labour Force Survey 2017)

၂၁

မြန်မာနိုင်ငံဂျီဒီပီ၏ ၂၁% ကိုစိုက်ပျိုးရေးကဏ္ဍမှ ရရှိ (အချက်အလက်ရင်းမြစ်: ဗဟိုစာရင်းအင်းအဖွဲ့)

အမေရိကန်ဒေါ်လာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပဲထွက်ကုန် တင်ပို့မှုတန်ဖိုး (အချက်အလက်ရင်းမြစ်: ဗဟိုစာရင်းအင်းအဖွဲ့)

သီးနှံကာကွယ်ရေး၊ သီးနှံအာဟာရ နှင့် အရည်အသွေးမြင့် မျိုးစေ့များအပေါ်တွင် အထူးပြုခြင်း

၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သောမြန်မာ့သြဘာသည် မြန်မာနိုင်ငံစိုက်ပျိုးရေးနည်းပညာ၏ အကြီးဆုံးထုတ်လုပ်သူနှင့် ဖြန့်ချိသူဖြစ်ပြီးသီးနှံကာကွယ်ရေး၊ သီးနှံအာဟာရ ဖြည့်တင်းရေး နှင့် အရည်အသွေးမြင့် မျိုးစေ့များအပေါ်တွင် အထူးအာရုံစိုက် လုပ်ဆောင်လျက်ရှိသည်။

၁၅၀၀
စိုက်ပျိုးရေးပညာရှင်ပေါင်း
၃.၂
သန်း စိုက်ပျိုးရေး
အိမ်ထောင်စုပေါင်

ယခုအချိန်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်နေသည့် ကျေးလက်ဒေသရှိအိမ်ထောင်စုပေါင်း ၃.၂သန်းအတွက် ကျွန်ုပ်တို့မှ စိုက်ပျိုးရေးပညာရှင်ပေါင်း ၁၅၀၀ ဖြင့် စိုက်ပျိုးရေးကဏ္ဍ ကွင်းဆက်တစ်ခုလုံးတိုးတက်အောင် ဘက်စုံနည်းလမ်းများဖြင့် အဖြေရှာပံ့ပိုးပေးလျက်ရှိသည်။

တောင်သူလယ်သမားများ၏ လိုအပ်ချက်များကို သိရှိနားလည်ခြင်း

ကျွန်ုပ်တို့၏ စိုက်ပျိုးရေးပညာရှင်များသည် တောင်သူလယ်သမားများနှင့် နီးကပ်စွာလုပ်ကိုင်ပြီး ၎င်းတို့၏ လိုအပ်ချက်များကို နားလည်၍ အသိပညာလိုအပ်မှုများကို ထုတ်ဖော်ရန် လုပ်ဆောင်သည်။
ထို့နောက်တွင်မှ ကျွန်ုပ်တို့သည် ၎င်းတို့နှင့် တွဲဖက်၍ အာဟာရပြည့်ဝပြီး အထွက်ကောင်းသော သီးနှံများ ဖြစ်ထွန်းနိုင်စေရန် အတူတကွ လုပ်ဆောင်သည်။

ဖြေရှင်းချက်များ ဖန်တီးခြင်း

ဩဘာ၏ စိုက်ပျိုးရေးပညာရှင်များသည် နှစ်ပေါင်းများစွာပြုလုပ်ခဲ့သော စမ်းသပ်ချက် များ၊ ကွင်းဆင်းအတွေ့အကြုံများနှင့် ‌‌ဒေသဆိုင်ရာ အသိပညာတို့ကို အခြေခံ၍ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော အထူးပြုလုပ်ထားသည့် ဖြေရှင်းချက်များကို ဖန်တီးသည်။

ထုတ်ကုန်များ ထုတ်ဖော်ခြင်း

ကျွန်ုပ်တို့အနေဖြင့် အသိပညာသည် စွမ်းအားဖြစ်သည်ဟု ယုံကြည်ပြီး ကျွန်ုပ်တို့၏ သုတေသနအဖွဲ့အတွက် ကမ္ဘာပေါ်ရှိ အကောင်းဆုံးတီထွင်ဖန်တီးမှုများနှင့် အရည်အချင်းရှိသူများကို ရှာဖွေသည်။ ကျွန်ုပ်တို့၏ စိုက်ပျိုးရေးဓာတ်ခွဲခန်းသည် မြန်မာနိုင်ငံရှိ အကောင်းဆုံးစိုက်ပျိုးရေးဓာတ်ခွဲခန်းများထဲမှ တစ်ခုဖြစ်သည်။

ခံယူချက်သဘောထား

တောင်သူဦးကြီးများအတွက်အရည်အသွေးမြင့်မားပြီးရေရှည်တည်တံ့မည့် နည်းလမ်းများဖြင့် ဝန်ဆောင်မှုများပေးသွားရန်၊ ၎င်းတို့၏ လူနေမှုအသိုင်းအဝိုင်း ပိုမိုပြည့်စုံမြင့်မားလာစေရန်အခွင့်အလမ်းများဖန်တီးပေးခြင်းတို့ပင်ဖြစ်သည်။

မြန်မာ့ဩဘာလုပ်ငန်းစု၏ ရည်ရွယ်ချက်နှင့် ခံယူချက်သဘောထားကို လုပ်ငန်းစု၏ ဦးဆောင်သူများက ပုံမှန်သုံးသပ်ပါသည်။
ပြီးခဲ့သော သုံးသပ်မှုကို ၂၀၂၁ တွင် ပြုလုပ်ခဲ့ပါသည်။

 

ရည်ရွယ်ချက်

တောင်သူဦးကြီးများ၏ လူနေမှုဘ၀ မြင့်မားစေရေးအတွက် စိုက်ပျိုးရေးဆိုင်ရာဘက်စုံဖြေရှင်းချက်များဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်စိုက်ပျိုးရေးကဏ္ဍကိုပုံဖော်သွားရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ အရည်အသွေးပြည့်ဝသည့် စိုက်ပျိုးရေးသွင်းအားစုမျိုးစုံနှင့် များပြားလှသောသုံးစွဲသူများဖြင့် အသေးစားချေးငွေလုပ်ငန်း၊ supply chain နှင့် စိုက်ပျိုးရေးနည်းပညာအတွက် ထောက်ပံ့မှုများပေးသွားရန်ဖြစ်သည်။

ကော်ပိုရိတ်ဖွဲ့စည်းပုံ

Milestones

Parboiled Rice ပေါင်းဆန်ထုတ်လုပ်မှု ဆန်စက်ကို ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် Millco Company အဖြစ် တည်ထောင်ခဲ့ပါသည်။

၂၀၂၄

ထွက်တိုး Mobile Application နှင့် Village Link နည်းပညာကုမ္ပဏီကို တည်ထောင်ခဲ့ပြီး တောင်သူလယ်သမားများအား စိုက်နည်းပညာများ၊ စျေးကွက်ချိတ်ဆက်ရေး နှင့် ဘဏ္ဍာရေး အချိတ်အဆက်များရရှိစေရန် အတွက် မိုဘိုင်းနည်းပညာနှင့် ဂြိုလ်တု နည်းပညာတို့ဖြင့် ကူညီဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။

၂၀၁၈

မဟာ အသေးစားချေးငွေ လုပ်ငန်း သည် နိုင်ငံအနှံ့ ဆောင်ရွက်နိုင်ရန် International Finance Corporation (World Bank Group) မှ ရင်းနှီးမြှုပ်နှံမှုကို ရရှိခဲ့သည်။

၂၀၁၇

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဆေး (ပိုးသတ်ဆေး) သုံးစွဲမှု မြင့်မားလာခြင်း နှင့် နိုင်ငံခြားငွေသုံးစွဲ မှု လျှော့ချရေး၊ ပြည်တွင်း နည်းပညာဖွံ့ဖြိုးရေးတို့ အတွက် အရှေ့တောင်အာရှ၏ အကြီးဆုံး ပိုးသတ်ဆေး ဖျော်စပ်ထုတ်လုပ်မှု စက်ရုံ (Formulation Plant) ကို International Finance Corporation (World Bank Group) ၏ ချေးငွေ အကူအညီဖြင့် မှော်ဘီ စိုက်ပျိုးရေးသွင်းအားစု စက်ရုံ (Hmawbi Agricultural Inputs Complex – HAIC) ကို တည်ဆောက်ခဲ့သည်။

၂၀၁၆

နာမည်ကြီးလယ်ထွန်စက် ထုတ်လုပ်သူ TAFE နှင့်ပူးပေါင်း၍ လယ်ထွန်စက်များနှင့် စက်ပစ္စည်းများကိုရေရှည်ငွေပေးချေမှုစနစ်ဖြင့် တောင်သူဦးကြီးများထံသို့ ဖြန့်ချိခြင်း။

၂၀၁၄

နာဂစ်မုန်တိုင်းအပြီး တောင်သူများ တွေ့ကြုံနေရသော ငွေကြေးအခက်အခဲနှင့် စိုက်ပျိုးစရိတ် အခက်အခဲများ ဖြေရှင်းပေးနိုင်ရန် မဟာ စိုက်ပျိုးရေး အသေးစား ချေးငွေလုပ်ငန်း (Maha Agriculture Microfinance Institution) ကို တည်ထောင်ခဲ့သည်။

၂၀၁၃

တောင်သူဦးကြီးများမှ လိုအပ်သည့်ငွေကြေးထောက်ပံ့မှုများပေးနိုင်ရန် မဟာသြဘာအသေးစားငွေကြေးအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခြင်း။

၂၀၁၂

သွင်းကုန်အစားထိုး မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် ကွန်ပေါင်း နှင့် Bulk Blend ဓါတ်မြေသြဇာစက်ရုံ နှင့် ဓါတ်ခွဲခန်းကို Gas Chromatography (GC) အင်္ဂါရပ်များဖြင့် မြန်မာ့သြဘာစက်မှုလုပ်ငန်း (Myanma Awba Industries) အဖြစ် တည်ထောင်ခဲ့ပါသည်။

၂၀၁၀

ကိုယ်ပိုင် Granulation စက်ရုံတည်ဆောက်ပြီးနောက် မြန်မာနိုင်ငံတွင် Granulated Insecticide ထုတ်လုပ်သည့် ပထမဦးဆုံးကုမ္ပဏီဖြစ်လာခြင်း။

၂၀၀၈

သွင်းကုန်အစားထိုး မြန်မာနိုင်ငံ၏ ပထမဆုံး ပုဂ္ဂလိကပိုင် ပိုးသတ်ဆေးဖျော်စပ်ထုတ်လုပ်မှု စက်ရုံ နှင့် ဓါတ်ခွဲခန်းကို တည်ထောင်ခဲ့ပြီး ပိုးသတ်ဆေးထုတ်ပိုးမှုအတွက် in-house PET bottling ကို စတင် အကောင်အထည်ဖော်ခဲ့ပါသည်။

၂၀၀၇

ဓာတ်မြေသြဇာတင်သွင်းဖြန့်ဖြူးသည့်လုပ်ငန်းကို စတင်ခဲ့ပြီး မြန်မာတောင်သူများကို Complex ဓါတ်မြေသြဇာများ စတင်မိတ်ဆက်ပေးခဲ့သည်။

၂၀၀၅

ဟင်းသီးဟင်းရွက်နှင့် ပြောင်းမျိုးစေ့များ ဖြန့်ချိသည့်လုပ်ငန်းဖြစ်သော ဧရာဝတီ မျိုးစေ့ ကုမ္ပဏီကို စတင်တည်ထောင်ခဲ့သည်။

၂၀၀၃

ထုတ်ပိုးမှုအသစ်အတွက် ရန်ကုန်စက်မှုဇုံ၌ ထုတ်ပိုးမှုစက်ရုံတည်ဆောက်ခြင်း။

သုတေသနအဖွဲ့ကိုစိုက်ပျိုးရေးပညာရှင်ပေါင်းအယောက် ၅၀ အထိတိုးချဲ့ခြင်း။

နိုင်ငံတစ်ဝန်း ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်ဖြင့် ဖြန့်ချိရေးကွန်ယက် တိုးပွားလာခြင်း။

၂၀၀၀

ကွန်ပေါင်းဓာတ်မြေသြဇာစတင်ထုတ်လုပ်ခြင်း။

သီးနှံကာကွယ်ရေးထုတ်ကုန်များ၏ ရောင်းအားမှအမေရိကန်ဒေါ်လာ ၁ သန်းရရှိခြင်း။

သုတေသနနှင့် ဖွံ့ဖြိုးရေးအသင်းကိုစိုက်ပျိုးရေးပညာရှင် ၅ ဦးဖြင့် စတင်ဖွဲ့စည်းခြင်း။

၁၉၉၈

မြန်မာ့သြဘာလုပ်ငန်းစုကို စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးဆေး (ပိုးသတ်ဆေး) များ တင်သွင်းဖြန့်ချိသည့်လုပ်ငန်းကိုစတင်ခဲ့သည်။

၁၉၉၅

ဦးအောင်စည်

ရာထူး

ဒါရိုက်တာ

ဦးအောင်စည်သည် မြန်မာ့သြဘာလုပ်ငန်းစု၏ ဒါရိုက်တာတစ်ဦးဖြစ်ပြီး University of Southern California မှ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့ရရှိထားသူတစ်ဦးဖြစ်ပါသည်။ ဘဏ္ဍာရေးနှင့် Data Science ဘာသာရပ်များကို အထူးပြုလေ့လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု၊ ဘဏ္ဍာရေး၊ M&A နှင့် မဟာဗျူဟာဆိုင်ရာတာဝန်များကို နိုင်ငံတကာအမြင်ဖြင့် အဖွဲ့အစည်းအတွင်း တိုးတက်ပြောင်းလဲမှုများကို ဦးစီးဆောင်ရွက်ခဲ့သည်။
 
သူသည်  မြန်မာ့သြဘာလုပ်ငန်းစု၏ မူလစံတန်ဖိုးများကို တာဝန်ယူမှု တာဝန်ခံမှု၊ ဗျူဟာမြောက်ရင်းနှီးခွဲဝေမှု နှင့် အဖွဲ့အစည်းတွင်း သမာသမတ်ရှိမှုတို့ဖြင့် ပေါင်းစပ်အားဖြည့်ထားသည့် လုပ်ငန်းချဲ့ထွင်ဖြန့်ကြက်မှုများဖြစ်ထွန်းလာစေရန် လုပ်ဆောင်လျက်ရှိပါသည်။ ရေရှည်အကျိုးဖြစ်ထွန်းမှုကို မျှော်ရည်၍ ခံနိုင်ရည်မြင့်မားသော စိုက်ပျိုးရေးအခြေခံအဆောက်အအုံများကို ဖော်ဆောင်ပေးမည့်  မြန်မာ့စီးပွားရေးတိုးတက်မှုအလားအလာများကို ပုဂ္ဂလိကလုပ်ငန်းစုအနေဖြင့် လမ်းဖွင့်ပေးခဲ့ပါသည်။ 

Aung Si

Director

Aung Si, Director at Myanma Awba Group, holds a Bachelor’s degree in Business Administration from the University of Southern California, where he concentrated in Finance and Data Science. Since returning to Myanmar in 2024, he has overseen corporate governance, finance, M&A, and strategy, bringing global acuity to domestic transformation.
His work centers on embedding Awba’s founding ethos into durable systems of accountability,
capital allocation, and institutional integrity, while spearheading principled regional expansion.
With a long-term vision, he is committed to building resilient agricultural infrastructure and unlocking Myanmar’s economic potential through scalable, private-sector enterprise.