ကော်ပိုရိတ် စီမံအုပ်ချုပ်မှု2018-05-30T10:42:56+06:30

ကော်ပိုရိတ် စီမံအုပ်ချုပ်မှု

မြန်မာ့သြဘာလုပ်ငန်းစုသည် ၎င်း၏တန်ဖိုးနှင့် ယုံကြည်ချက်များကိုအစဉ်လက်စွဲပြုပြီး မြန်မာနိုင်ငံရှိတောင်သူဦးကြီးများအား ဝန်ဆောင်မှုများပေးနိုင်ရန်မြန်မာ့သြဘာ၏ အကြံပေးဘုတ်အဖွဲ့နှင့် အလုပ်အမှုဆောင်ကော်မတီတို့မှ လမ်းညွှန်ပြသပေးသည်။

အကြံပေးဘုတ်အဖွဲ့

ဦးသတိုးဟိန်း ဥက္ကဌ နှင့် လုပ်ငန်းစုအမှုဆောင် အရာရှိချုပ်

ဦးသတိုးဟိန်းသည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းဖြစ်သည့် YPO’s Yangon Chapter ကိုတည်ထောင်သည့် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးလက်ရှိတွင် မြန်မာနိုင်ငံရှိအခြားအသင်းအဖွဲ့များကိုလည်းဦးဆောင်လျက်ရှိသည်။ သူသည် မြန်မာ့သြဘာလုပ်ငန်းစုကို ၁၉၉၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီးရန်ကုန်တက္ကသိုလ်မှ သိပ္ပံဘွဲ့နှင့် စီးပွားစီမံခန့်ခွဲမှု မဟာဘွဲ့တို့ကိုသင်ယူတတ်မြောက်ထားပါသည်။

Yeo Joo Hua လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်

စိုက်ပျိုးရေးလုပ်ငန်းတွင် နှစ်ပေါင်း ၂၀ ကျော်အတွေ့အကြုံရှိသည့်Yeo Joo Hua သည် မြန်မာ့သြဘာအတွက် လုပ်ခဲ့သည့် ပြောင်းလဲမှုများအနက် အရောင်းလုပ်ငန်းပြင်ဆင်မှုမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။ သူသည် စိုက်ပျိုးရေးသုံးဆေးဝါးနှင့် ဓာတ်မြေသြဇာထုတ်လုပ်မှုအပိုင်း၊ Supply Chain ၏ လုပ်ငန်းဆောင်တာများနှင့် ထုတ်ကုန်အသစ် ထုတ်လုပ်မှုအပိုင်းများတွင် တာဝန်ယူကြီးကြပ်သည်။

Rajesh Malhotra လုပ်ငန်းစုဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်

Rajesh Malhotraသည် လုပ်ငန်းနယ်ပယ်ပေါင်းများစွာတွင် နှစ်ပေါင်း ၂၅ နှစ်ကျော် အတွေ့အကြုံရှိပြီး မြန်မာ့သြဘာ၏ ကော်ပိုရိတ်ဘဏ္ဍာရေးအပိုင်းကို တာဝန်ယူလုပ်ဆောင်သည်။ ထို့အပြင် သူသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်၊ ရင်းနှီးမြှုပ်နှံသူဆက်ဆံရေး နှင့် ကော်ပိုရိတ်အုပ်ချုပ်မှု အစရှိသည့် ဌာနများကိုလည်း တာဝန်ယူဦးစီးသည်။

အလုပ်အမှုဆောင်ကော်မတီ

Martin Weiss လုပ်ငန်းစု စိုက်ပျိုးရေးပညာရှင်ချုပ် နှင့် ဧရာဝတီမျိုးစေ့နှင့် စိုက်ပျိုးရေးရေသွင်းစနစ်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်

Martin Weiss သည် စိုက်ပျိုးရေးသုံးဆေးဝါးနှင့် ဓာတ်မြေသြဇာလုပ်ငန်းတွင် နှစ်ပေါင်း ၃၀ ကျော် အတွေ့အကြုံရှိသည်။ သူသည် စိုက်ပျိုးရေးသိပ္ပံနည်းပညာ၊ ဈေးကွက်ရှာဖွေရေး နှင့် လုပ်ငန်းဆိုင်ရာအခြားနည်းပညာများအပိုင်းတွင်လည်း ကျွမ်းကျင်ပိုင်နိုင်သည့်အပြင် နို့ထွက်ခြံများ၏ ဒါရိုက်တာလည်းဖြစ်သည်။

Adrian စိုးမြင့် Village Link ၏ အမှုဆောင် အရာရှိချုပ်

Adrianစိုးမြင့်သည် ဓာတုအင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပြီးအချက်အလက်တည်ဆောက်မှု နှင့် လေ့လာသုံးသပ်မှု အပိုင်းတို့တွင် အထူးပြုသည်။ လက်ရှိတွင် သူသည် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ဒစ်ဂျစ်တယ်မှတဆင့် မြန်မာနိုင်ငံစိုက်ပျိုးရေး၏အသွင်ပုံစံကိုပြောင်းလဲရန် ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။

ဦးအောင်ဆွေ ကော်ပိုရိတ်ရေးရာနှင့် အထူးစီမံကိန်းခေါင်းဆောင်

မြန်မာနိုင်ငံအစိုးရ၊ ကုလသမဂ္ဂ နှင့် ပုဂ္ဂလိကကဏ္ဍများတွင် အကြီးတန်းရာထူးများနှင့် ကွင်းဆင်းဝန်ထမ်းအဖြစ် နှစ်ပေါင်း ၃၂ ကြာလုပ်ကိုင်ခဲ့သည့် ဦးအောင်ဆွေသည် စီမံကိန်းစီမံခန့်ခွဲမှုနှင့် လုပ်ငန်းပိုင်းဆိုင်ရာလုပ်ဆောင်မှုများတွင် အတွေ့အကြုံရှိပြီးရလာဒ်ကောင်းများရရှိအောင် အမြဲလုပ်ဆောင်သူဖြစ်သည်။ ယနေ့တွင် သူသည် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးသီးနှံ ကာကွယ်စောင့်ရှောက်ရေးအပိုင်းတို့တွင် အထူးပြုလုပ်ကိုင်လျက်ရှိသည်။

Choi Jin Young မဟာမိတ်၏ အမှုဆောင် အရာရှိချုပ်

ကိုရီးယားလူမျိုးဖြစ်သူ Choi Jin Young သည် စီးပွားရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကိုအမေရိကန်နိုင်ငံ၊ စင်ကာပူ၊ ကိုရီးယား နှင့် မြန်မာနိုင်ငံတို့တွင် ၁၅ နှစ်ကြာလုပ်ဆောင်ခဲ့သည်။ ယခုအခါသူသည် မြန်မာနိုင်ငံလယ်ယာစိုက်ပျိုးရေးကဏ္ဍ၏စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် ဦးစီးလုပ်ကိုင်လျက်ရှိသည်။

Matteo Marinelli Maha Agriculture Public Co. Ltd. ၏ အမှုဆောင်အရာရှိချုပ်

Matteo Marinelli ၏ အသေးစားငွေကြေးလုပ်ငန်း၊ MSME နှင့် အကြီးစားဘဏ်လုပ်ငန်းများတွင် ကျွမ်းကျင်မှုသည် မဟာသြဘာအသေးစားငွေကြေးအဖွဲ့အစည်းလုပ်ငန်းအတွက် အထောက်အကူများစွာဖြစ်စေသည်။ သူသည် အာရှတွင် ကြွေးမြီးနှင့် ရှယ်ယာလုပ်ငန်းများအတွက် ဆယ်စုနှစ်တစ်ခုကြာလုပ်ဆောင်ခဲ့ပြီးကောင်းမွန်သောမှတ်တမ်းများရှိခဲ့သည့်အပြင် ထွန်းသစ်စဈေးကွက်များဖြစ်သည့် အရှေ့အလယ်ပိုင်းဒေသ၊ မြောက်အာဖရိကနှင့် တောင်အာရှဒေသများတွင် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကိုလည်းလုပ်ဆောင်ခဲ့ဖူးသည်။

ဦးချိုဝင်းလှိုင် မြန်မာ့စံပြ မြေသြဇာကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်၊ EvoGro Co.Ltd ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်

ဦးချိုဝင်းလှိုင်သည် မြန်မာ့သြဘာလုပ်ငန်းစုလက်အောက်ခံအမှတ်တံဆိပ်တစ်ခုဖြစ်သည့် မြန်မာ့စံပြမြေသြဇာကုမ္ပဏီကို တာဝန်ယူဦးစီးသည်။ သူသည် စိုက်ပျိုးရေးသုတေသန၊ စိုက်ပျိုးရေးသိပ္ပံနည်းပညာ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေး နှင့် ဈေးကွက်ရှာဖွေရေးတို့တွင် အတွေ့အကြုံများရှိသည့် စိုက်ပျိုးရေးဘွဲ့ ရတစ်ဦးဖြစ်သည်။

ဦးစိုးသန်း ဧရာဝတီမျိုးစေ့လုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ

ဦးစိုးသန်းသည် မြန်မာ့သြဘာ၏ လက်အောက်ခံ ဧရာဝတီမျိုးစေ့ကုမ္ပဏီလီမိတက်ကို ဦးစီဆောင်ရွက်သည်။ မျိုးစေ့လုပ်ငန်းနယ်ပယ်တွင် နှစ်ပေါင်း ၁၅ နှစ်ကြာအတွေ့အကြုံရှိသောဦးစိုးသန်းသည် မြန်မာပြည်၏ မျိုးစေ့လုပ်ငန်းနယ်ပယ်တွင် ဈေးကွက်အလားအလာများစူးစမ်းပြီးဈေးကွက်ဖော်ထုတ်မှုှုကို တာဝန်ယူဆောင်ရွက်သည်။ သူသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ရတစ်ဦးဖြစ်ပါသည်။

ဦးသန်းတင့် ဓါတ်မြေသြဇာလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်

ဦးသန်းတင့်သည် စိုက်ပျိုးရေးသုံးဆေးဝါးနှင့် ဓာတ်မြေသြဇာလုပ်ငန်း နှင့် ရောင်းချမှုအပိုင်းတို့တွင် နှစ်ပေါင်း ၁၆ နှစ်ကျော် အတွေ့အကြုံရှိပြီးသူ၏အတွေ့အကြုံများကို မြန်မာ့သြဘာဓာတ်မြေသြဇာ၏ Supply Chain စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုတွင် ပြန်လည်အသုံးချသည်။ သူသည် စိုက်ပျိုးရေးကျောင်းမှ စိုက်ပျိုးရေးဘွဲ့ ရရှိထားသူလည်းဖြစ်သည်။

ဦးသောင်းထိုက် Maha Agriculture Public Co. Ltd ၏ ဦးဆောင်ညွှန်ကြားရေးမှုး

ဦးသောင်းထိုက်သည် မဟာသြဘာအသေးစားငွေရေးကြေးရေးအဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးဆောင်လုပ်ကိုင်သည်။ သူသည် အသေးစားချေးငွေလုပ်ငန်း၊ လူသုံးကုန် ဈေးကွက်ရှာဖွေရေးနှင့် အရောင်ဆိုင်ရာလုပ်ငန်းများတွင် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသည်။ သူသည် စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု မဟာဘွဲ့နှင့် ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့တို့ကိုကိုင်ဆောင်ထားသူလည်းဖြစ်သည်။

ဒေါ်နန္ဒာမြတ်ဦး လုပ်ငန်းစုစာရင်းကိုင်ချုပ်

ဒေါ်နန္ဒာမြတ်ဦးသည် လုပ်ငန်းစု၏ ဘဏ္ဍာရေးစာရင်းများကိုစီမံကွပ်ကဲသည်။ မြန်မာ့သြဘာတွင် ၉ နှစ်ကြာလုပ်ကိုင်ခဲ့ပြီးသောသူမသည် စာရင်းကိုင်နယ်ပယ်တွင် ဆယ်စုနှစ်တစ်ခုကြာအတွေ့အကြုံရှိပြီးရန်ကုန် စီးပွားရေးတက္ကသိုလ်မှ စီးပွားရေးဘွဲ့ ရရှိခဲ့သူလည်းဖြစ်သည်။

ဒေါ်ယမင်းသန္တာ ပီတိပြည့်စုံ ကုမ္ပဏီလီမိတက်၏ တွဲဖက်အမှုဆောင်အရာရှိချုပ်

ဦးဉာဏ်လင်း၊ ဝိစာရအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ တွဲဖက်အမှုဆောင်အရာရှိချုပ်

ဦးတင်အောင်မိုး ဝိစာရအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏ တွဲဖက်အမှုဆောင်အရာရှိချုပ်

ဦးမောင်မောင်ခိုင် မြန်မာကောင်းသုခ ကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ်

Clive Murray ပထမမျိုးစေ့ ကုမ္ပဏီလီမိတက်၏ ဦးဆောင်ညွှန်ကြားရေးမှုး

Rupesh Kumar Maha Agriculture Public Co. Ltd. ၏ လုပ်ငန်းဆိုင်ရာအမှုဆောင်အရာရှိချုပ်

မြန်မာ့သြဘာ၏မူဝါဒများ

ကောင်းမွန်သော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုသည် မြန်မာ့သြဘာလုပ်ငန်းစု လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာလည်ပတ်မှု၏ အခြေခံအကျဆုံးသော အရင်းအမြစ်ဖြစ်သည်။

  • လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေး

မြန်မာ့သြဘာလုပ်ငန်းစုသည် လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားခြင်းတို့ိကိုမည်သို့သောအကြောင်းပြချက်နှင့်ပင်ဖြစ်စေလက်ခံနိုင်မည်မဟုတ်ပါ။ ထိုသို့ လာဘ်ပေးလာဘ်ယူမှုနှင့် အကျင့်ပျက်ခြစားခြင်းတို့ိကိုကုမ္ပဏီအတွင်းတစ်စုံတစ်ယောက်မှ မကျူးလွန်စေရန် လိုအပ်သည့် စည်းစနစ်များကိုချမှတ်ထားရှိပါသည်။

  • လိုက်နာရမည့်ကျင့်ဝတ်များ

မြန်မာ့သြဘာမှချမှတ်ထားသောတန်ဖိုးများနှင့် မူဝါဒများကိုဝန်ထမ်းများအားလုံး လူမျိုးမရွေး၊ ဘာသာမရွေးလိုက်နာကျင့်သုံးရမည်ဖြစ်သည်။ အဆိုပါတန်ဖိုးများနှင့် မူဝါဒများသည် မိမိတို့၏အလုပ် နှင့် စီးပွားရေးအပေါ်တွင်သာမကလုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များ၊ ကုန်ပစ္စည်းသွင်းသူများနှင့် စီးပွားရေးမိတ်ဖက်တို့အပေါ် ထားရှိသည့် ရိုသေလေးစားမှုကိုအခြေခံထားသည်။

  • ကွဲပြားခြားနာခြင်းနှင့် မျှတသောအလေ့အကျင့်များ

မြန်မာ့သြဘာတွင် လူမျိုးစုံ၊ ယဉ်ကျေးမှုအစုံမှ လာရောက်လုပ်ကိုင်သူများစွာရှိသဖြင့်မတူညီသောနောက်ကြောင်း၊ ပညာရေးနှင့် နယ်ပယ်မျိုးစုံမှသူအားလုံးသည် တူညီသောရည်မှန်းချက်ပန်းတိုင်ကိုသာဦးတည် လုပ်ဆောင်နေသောကြောင့်မြန်မာ့သြဘာမှ တစ်ဦးတစ်ယောက်ချင်းစီ၏ စွမ်းအင် နှင့် လုပ်ရည်ကိုင်ရည်ကိုအသိအမှတ်ပြုသည်။

  • ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှု

မြန်မာ့သြဘာ၏လုပ်ဆောင်ချက်များကြောင့်ရှယ်ယာရှင်များအတွက်သာမကလုပ်ငန်းများဆောင်ရွက်ရာနေရာမှဒေသခံ လူမှုအသိုင်းအဝိုင်းများအတွက်လည်း စီးပွားရေးနှင့် လူမှုရေးဆိုင်ရာအကျိုးပြုမှုများရှိစေရန် အစဉ်ကြိုးပမ်းလျက်ရှိသည်။ အကျယ်အားဖြင့်ဆိုရသော်မြန်မာ့သြဘာ၏ လုပ်ဆောင်ချက်များသည် ဒေသဆိုင်ရာ၊ အမျိုးသားရေးရာနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုများအပေါ်တွင် ကောင်းမွန်သောသက်ရောက်မှုရှိစေသည်။

  • လူမှုဝန်းကျင်ဆိုင်ရာတာဝန်ယူသိတက်မှု

မြန်မာ့သြဘာသည မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးလိုသည့်ဆန္ဒဖြင့် ရောဂါကာကွယ်ရေးနှင့် ကုသရေးများပြုလုပ်သည့် ပရဟိတအဖွဲ့အစည်းများသို့ ထောက်ပံ့မှုများပေးလျက်ရှိသည်။

  • ပတ်ဝန်းကျင်ရေရှည်တည်တံ့ခိုင်မြဲရေးမူဝါဒ

အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ ချမှတ်ထားသောစံညွှန်းအရ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်လုပ်ငန်းစု၏ စီးပွားရေးလုပ်ငန်းနည်းဗျူဟာတိုင်းတွင် လိုအပ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုရေးအချက်များကိုထည့်သွင်းထားရှိသည်။

မှတ်တိုင်များ

၂၀၁၄

  • နာမည်ကြီးလယ်ထွန်စက် ထုတ်လုပ်သူ TAFE နှင့်ပူးပေါင်း၍ လယ်ထွန်စက်များနှင့် စက်ပစ္စည်းများကိုရေရှည်ငွေပေးချေမှုစနစ်ဖြင့် တောင်သူဦးကြီးများထံသို့ ဖြန့်ချိခြင်း။

၂၀၁၂

  • တောင်သူဦးကြီးများမှ လိုအပ်သည့်ငွေကြေးထောက်ပ့ံမှုများပေးနိုင်ရန် မဟာသြဘာအသေးစားငွေကြေးအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခြင်း။

၂၀၁၀

  • မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောရေနွေးငွေ့နည်းပညာသုံးကွန်ပေါင်းဓာတ်မြေသြဇာစက်ရုံ နှင့် Gas Chromatography (GS) အားဆောင်ရွက်နိုင်သည့် ပုဂ္ဂလိကပိုင် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဓာတ်ခွဲခန်းကိုတည်ဆောက်ခြင်း။

၂၀၀၈

  • ကိုယ်ပိုင် Granulation စက်ရုံတည်ဆောက်ပြီးနောက် မြန်မာနိုင်ငံတွင် Carbofuran နှင့် Chlorpyrifos Granules ထုတ်လုပ်သည့် ပထမဦးဆုံးကုမ္ပဏီဖြစ်လာခြင်း။

၂၀၀၇

  • ပထမဦးဆုံးနှင့် တစ်ခုတည်းသောပုဂ္ဂလိကပိုင် ပိုးသတ်ဆေးဖော်ထုတ်သည့်စက်ရုံတည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပိုးသတ်ဆေးလုပ်ငန်းကိုစတင်ခြင်း။
  • ပိုးသတ်ဆေးထုတ်ပိုးမှုအတွက် ဗူးပုံစံထုတ်ပိုးမှု (PET Bottling) ကိုကိုယ်တိုင်စတင်ပြုလုပ်ခြင်း။

၂၀၀၅

  • ဂျာမနီနိုင်ငံFertivaရှိကမ္ဘာကျော် ကွန်ပလပ်စ်ဓါတ်မြေသြဇာ (Complex Fertilizers) အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Nitrophoskaကိုစတင်မိတ်ဆက်ခြင်း။
  • ခေတ်မီရေသွင်းနည်းစနစ်ဖြင့် ရန်ကုန်မြို့၏ ပထမဦးဆုံးသောစီးပွားဖြစ် မြေပြန့်လိမ္မော်စိုက်ခင်းကိုအကောင်အထည်ဖော်ခြင်း။

၂၀၀၃

  • အရည်အသွေးပြည့်် စပ်မျိုးမျိုးစေ့များကိုတင်သွင်းဖြန့်ချိနိုင်ရန် ဧရာဝတီမျိုးစေ့ကုမ္ပဏီလီမိတက်ကို ထူထောင်ခြင်း။

၂၀၀၀

  • ထုတ်ပိုးမှုအသစ်အတွက် ရန်ကုန်စက်မှုဇုံ၌ ထုတ်ပိုးမှုစက်ရုံတည်ဆောက်ခြင်း။
  • သုတေသနအဖွဲ့ကိုစိုက်ပျိုးရေးပညာရှင်ပေါင်းအယောက် ၅၀ အထိတိုးချဲ့ခြင်း။
  • နိုင်ငံအဝန်း ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်ဖြင့် ဖြန့်ချိရေးကွန်ယက် တိုးပွားလာဖြင်း။

၁၉၉၈

  • ကွန်ပေါင်းဓာတ်မြေသြဇာစတင်ထုတ်လုပ်ခြင်း။
  • သီးနှံကာကွယ်ရေးထုတ်ကုန်များ၏ ရောင်းအားမှအမေရိကန်ဒေါ်လာ ၁ သန်းရရှိခြင်း။
  • သုတေသနနှင့် ဖွံ့ဖြိုးရေးအသင်းကိုစိုက်ပျိုးရေးပညာရှင် ၅ ဦးဖြင့် စတင်ဖွဲ့စည်းခြင်း။

၂၀၁၄

  • နာမည်ကြီးလယ်ထွန်စက် ထုတ်လုပ်သူ TAFE နှင့်ပူးပေါင်း၍ လယ်ထွန်စက်များနှင့် စက်ပစ္စည်းများကိုရေရှည်ငွေပေးချေမှုစနစ်ဖြင့် တောင်သူဦးကြီးများထံသို့ ဖြန့်ချိခြင်း။

၂၀၁၂

  • တောင်သူဦးကြီးများမှ လိုအပ်သည့်ငွေကြေးထောက်ပ့ံမှုများပေးနိုင်ရန် မဟာသြဘာအသေးစားငွေကြေးအဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ခြင်း။

၂၀၁၀

  • မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောရေနွေးငွေ့နည်းပညာသုံးကွန်ပေါင်းဓာတ်မြေသြဇာစက်ရုံ နှင့် Gas Chromatography (GS) အားဆောင်ရွက်နိုင်သည့် ပုဂ္ဂလိကပိုင် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဓာတ်ခွဲခန်းကိုတည်ဆောက်ခြင်း။

၂၀၀၈

  • ကိုယ်ပိုင် Granulation စက်ရုံတည်ဆောက်ပြီးနောက် မြန်မာနိုင်ငံတွင် Carbofuran နှင့် Chlorpyrifos Granules ထုတ်လုပ်သည့် ပထမဦးဆုံးကုမ္ပဏီဖြစ်လာခြင်း။

၂၀၀၇

  • ပထမဦးဆုံးနှင့် တစ်ခုတည်းသောပုဂ္ဂလိကပိုင် ပိုးသတ်ဆေးဖော်ထုတ်သည့်စက်ရုံတည်ဆောက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပိုးသတ်ဆေးလုပ်ငန်းကိုစတင်ခြင်း။
  • ပိုးသတ်ဆေးထုတ်ပိုးမှုအတွက် ဗူးပုံစံထုတ်ပိုးမှု (PET Bottling) ကိုကိုယ်တိုင်စတင်ပြုလုပ်ခြင်း။

၂၀၀၅

  • ဂျာမနီနိုင်ငံFertivaရှိကမ္ဘာကျော် ကွန်ပလပ်စ်ဓါတ်မြေသြဇာ (Complex Fertilizers) အမှတ်တံဆိပ်တစ်ခုဖြစ်သည့် Nitrophoskaကိုစတင်မိတ်ဆက်ခြင်း။
  • ခေတ်မီရေသွင်းနည်းစနစ်ဖြင့် ရန်ကုန်မြို့၏ ပထမဦးဆုံးသောစီးပွားဖြစ် မြေပြန့်လိမ္မော်စိုက်ခင်းကိုအကောင်အထည်ဖော်ခြင်း။

၂၀၀၃

  • အရည်အသွေးပြည့်် စပ်မျိုးမျိုးစေ့များကိုတင်သွင်းဖြန့်ချိနိုင်ရန် ဧရာဝတီမျိုးစေ့ကုမ္ပဏီလီမိတက်ကို ထူထောင်ခြင်း။

၂၀၀၀

  • ထုတ်ပိုးမှုအသစ်အတွက် ရန်ကုန်စက်မှုဇုံ၌ ထုတ်ပိုးမှုစက်ရုံတည်ဆောက်ခြင်း။
  • သုတေသနအဖွဲ့ကိုစိုက်ပျိုးရေးပညာရှင်ပေါင်းအယောက် ၅၀ အထိတိုးချဲ့ခြင်း။
  • နိုင်ငံအဝန်း ကိုယ်စားလှယ်ပေါင်း ၅၀ ကျော်ဖြင့် ဖြန့်ချိရေးကွန်ယက် တိုးပွားလာဖြင်း။

၁၉၉၈

  • ကွန်ပေါင်းဓာတ်မြေသြဇာစတင်ထုတ်လုပ်ခြင်း။
  • သီးနှံကာကွယ်ရေးထုတ်ကုန်များ၏ ရောင်းအားမှအမေရိကန်ဒေါ်လာ ၁ သန်းရရှိခြင်း။
  • သုတေသနနှင့် ဖွံ့ဖြိုးရေးအသင်းကိုစိုက်ပျိုးရေးပညာရှင် ၅ ဦးဖြင့် စတင်ဖွဲ့စည်းခြင်း။

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်လိုသူများကိုဖိတ်ခေါ်လိုပါသည်။

မြန်မာ့သြဘာလုပ်ငန်းစု

အမှတ် ၉၅ (အေ)၊ ကျိုက်ဝိုင်းဘုရားလမ်း၊
၈မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။
+၉၅ (၁) ၆၆၃၃၉၉, +၉၅ (၁) ၆၆၃၅၃၆