စိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုများ

မြန်မာ့တောင်သူလယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ပိုမို၍ ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများ ဖော်ဆောင်နိုင်စေရန် အဓိကကိစ္စရပ်နှစ်ခုကို မြန်မာ့ဩဘာအနေဖြင့် အလေးပေး ဆောင်ရွက်ပါသည်။

ကုန်ပစ္စည်း ထိန်းကျောင်းမှု

စိုက်ပျိုးရေးလုပ်ကိုင်နေသည့်လူမှုအသိုင်းအဝိုင်းများ အဆင့်အတန်းမြင့်မား စေ ရန်အတွက် လယ်ယာသုံး ဓာတုဗေဒ ထုတ်ကုန်များနှင့် မျိုးစေ့များသည် မရှိမဖြစ် လိုအပ်ပါသည်။

သို့သော် တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ကုမ္ပဏီတစ်ခုအနေဖြင့် ကျွန်ုပ်တို့သည် အောက်ပါတို့ကို အလေးပေးဆောင်ရွက်နေပါသည်။

  • သဘာဝနှင့် ပိုမိုကိုက်ညီသော ထုတ်ကုန်အသစ်များနှင့် ဝန်ဆောင်မှု များအား တီထွင်ဖန်တီးခြင်း
  • လိုအပ်သော စံချိန်စံညွှန်းများနှင့် စံနှုန်းများအားလုံးကို အပြည့်အဝလိုက်နာကြောင်း သေချာစေရန် ကျွန်ုပ်တို့၏ ထုတ်ကုန်များကို မိတ်ဆက်ရောင်းချခြင်းမပြုမီ သက်ဆိုင်ရာ မြန်မာအာဏာပိုင်များထံမှ လိုအပ်သောခွင့်ပြုချက်အားလုံးကို ရယူခြင်း
  • ထုတ်ကုန်များ၏ ဖော်ထုတ်ခြင်း နှင့် ထုတ် ကုန် များ အားဘေးကင်းစွာ အသုံးပြုနိင်မှုကို မြှင့်တင်ခြင်း
  • ကျွန်ုပ်တို့၏ထုတ်ကုန်များကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာ အသုံးပြုနိုင်စေရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များမှ သင်တန်းပေးခြင်း
  • ကျွန်ုပ်တို့ ထုတ်ကုန်များ၏ သက်ရောက်မှုများကို လျှော့ချရန် ၎င်းတို့၏ ကုန်ပစ္စည်းသက်တမ်းကို ထည့်သွင်းစဉ်းစားခြင်း
    ဥပမာအားဖြင့် ကုန်ပစ္စည်းထည့် ရာတွင်သုံးသည့် ဘူးများနှင့် ကုန်ပစ္စည်း အဟောင်းများကို တာဝန်သိစွာ စွန့်ပစ်ရန် အမျိုးမျိုးသော ရွေးချယ်မှုများကို ကျွန်ုပ်တို့ စဉ်းစားပါမည်။

သဘာဝပတ်ဝန်းကျင်

လယ်သမားများသည် သီးနှံများ စိုက်ပျိုးရန် ပျားနှင့် မြေဆီလွှာ အစရှိသည့် သဘာဝအရင်းအမြစ်များကို အားကိုးကြရသည်။ ၎င်းအရာများ မရှိဘဲ လယ်သမားများ အနေဖြင့် ရေရှည် ကြီးပွားတိုးတက်ရန် မဖြစ်နိုင်ပါ။

မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ပြင်းထန်စွာခံစားရမည့် နိုင်ငံများ အနက်တစ်နိုင်ငံဖြစ်သောကြောင့် ကျွန်ုပ်တို့၏ ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် မြန်မာ့ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းနေပါသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်းရှိ အဓိကအချက်အလက်များ

  • ၂၀၂၂ ခုနှစ် မတ်လကုန်တွင် ကျွန်ုပ်တို့တွင် ထုတ်ကုန်အမျိုးအစားပေါင်း ၄၀၀ ကျော် ရှိပါသည်။ ကျွန်ုပ်တို့သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ထုတ်ကုန်အသစ် ၄၃ ခုကို စတင်ခဲ့သည်။
  • ကျွန်ုပ်တို့သည် တောင်သူလယ်သမား ၃.၂ သန်းကျော် ကို ဝန်ဆောင်မှုများ ပေးနေပါသည်။ ကျွန်ုပ်တို့၏ထုတ်ကုန်များနှင့် ၎င်းတို့အား တာဝန်ယူမှု တာဝန်ခံမှုရှိစွာ အသုံးပြုနည်းများကို အသိပေးနှိုးဆော်နိုင်ရန် ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များက သင်ကြားပြသမှူ ၉၅၈ ခုကို ပြုလုပ်ခဲ့ပါသည်။ စုစုပေါင်း တောင်သူ ၉၃၃၂၁ ဦးကို သင်ကြားပြသပေးခဲ့ပါသည်။
  • ကျွန်ုပ်တို့၏ ရောင်းချမှု ၁၀၀၀ တိုင်းအတွက် ကျွန်ုပ်တို့၏ ကိုယ်စားလှယ်များနှင့် တောင်သူလယ်သမားများထံမှ ပျမ်းမျှတိုင်ကြားစာ ၉ စောင်ကို လက်ခံရရှိပြီး ၎င်းတို့အနက် ၁၇ ရာခိုင်နှုန်းသာ ထုတ်ကုန်အရည်အသွေးနှင့် သက်ဆိုင်ပါသည်။
  • ကျွန်ုပ်တို့သည် စုစုပေါင်း ၈၃၇၈ တန် နှင့် ညီမျှသော ကာဗွန်ဒိုင်အောက်ဆိုက်ကို ထုတ်လွှတ်ပြီး ၉၃ ရာခိုင်နှုန်းသည် Scope 1 နှင့်သက်ဆိုင်ပါသည်။ သို့သော် လစဉ်အ‌နေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဥ်ပါက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျွန်ုပ်တို့၏ထုတ်လွှတ်မှုသည် ၇ ရာခိုင်နှုန်း ကျဆင်းသွားသည်။

ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု
(၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်)

လစဥ် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု
(tons of CO2 eq.)