ကော်ပိုရိတ် စီမံအုပ်ချုပ်မှု

အုပ်ချုပ်မှုဖွဲ့စည်းပုံ

မြန်မာ့ဩဘာကို ထိ‌ရောက်စွာစီမံအုပ်ချုပ်နိုင်ရန် ကျွန်ုပ်တို့၏ ကော်ပိုရိတ်ဖွဲ့စည်းပုံ ကို အဆင့်နှစ်ဆင့်ပါဝင်သည့် ကော်ပိုရိတ် စီမံအုပ်ချုပ်မှုစနစ်ဖြင့် ဖွဲ့စည်းထားပါသည်။

  • လုပ်ငန်းစုအဆင့်မှာ ကျွန်ုပ်တို့၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ဒါရိုက်တာ ၃ ဦး ပါဝင်သည်။  ဒါရိုက်တာအဖွဲ့သည် လုပ်ငန်းစုအတွက် ၎င်း၏တာဝန်များကို ထိရောက်စွာ ကြီးကြပ်မှု သေချာစေရန် ကျွန်ုပ်တို့ အကြံပေးဘုတ်အဖွဲ့၏ ပံ့ပိုးကူညီမှုကို ရရှိသည်။ အကြံပေးဘုတ်အဖွဲ့တွင် အဖွဲ့ဝင် ၂ ဦး ပါဝင်သည်။ 
  • လုပ်ငန်းစုဘုတ်အဖွဲ့ကို ကျွန်ုပ်တို့၏ အလုပ်အမှုဆောင်ကော်မတီက ပံ့ပိုးပေးပြီး ၎င်းတွင် မြန်မာ့ဩဘာ၏ အဓိကစီးပွားရေးလုပ်ငန်းများနှင့် လုပ်ငန်းဌာနများမှ ကိုယ်စားပြုပုဂ္ဂိုလ်များ ပါဝင်သည်။
Governance Structure

မြန်မာ့သြဘာလုပ်ငန်းစုသည် ၎င်း၏စံတန်ဖိုးများ ယုံကြည်ချက်များကိုအစဉ်လက်စွဲပြုပြီး မြန်မာနိုင်ငံရှိတောင်သူဦးကြီးများအား ဝန်ဆောင်မှုများပေးနိုင်ရန်မြန်မာ့သြဘာ၏ အကြံပေးဘုတ်အဖွဲ့နှင့် အလုပ်အမှုဆောင်ကော်မတီတို့မှ လမ်းညွှန်ပြသပေးသည်။

ဒါရိုက်တာဘုတ်အဖွဲ့နှင့် အကြံပေးဘုတ်အဖွဲ့ဝင်များ

Thadoe Hein

ဦးသတိုးဟိန်း

ဥက္ကဋ္ဌနှင့် လုပ်ငန်းစုအမှုဆောင်အရာရှိချုပ်

Soe Mar Lar

ဒေါ်စိုးမာလာ

ဒါရိုက်တာဘုတ်အဖွဲ့ဝင်

Soe Min Thant

ဦးစိုးမင်းသန့်

လုပ်ငန်းစုဘဏ္ဍာရေးမှူး

ဦးအောင်စည်

ဒါရိုက်တာ

Raymond Leung

Raymond Leung

ဒါရိုက်တာဘုတ်အဖွဲ့ဝင်

Rajesh Malhotra

Rajesh Malhotra

လုပ်ငန်းစုဘဏ္ဍာရေးအရာရှိချုပ် နှင့် မဟာ၏ အမှုဆောင်အရာရှိချုပ်

ဒါရိုက်တာဘုတ်အဖွဲ့၏ တာဝန်ဝတ္တရားများ

ဘုတ်အဖွဲ့

  • မြန်မာ့ဩဘာ၏ တန်ဖိုးစံများနှင့် ခံယူချက်သဘောထားတို့ကို ချမှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း
  • လုပ်ငန်းဆောင်ရွက်ရာတွင် ဥပဒေ စည်းကမ်းသတ်မှတ်ချက်များ၊ ဘုတ်အဖွဲ့မှ အတည်ပြုထားသော မူဝါဒများအားလုံးနှင့် ကိုက်ညီမှုရှိစေရန် ကြီးကြပ်ခြင်း
  • ဘုတ်အဖွဲ့၏ ထိထိရောက်ရောက် လုပ်ငန်းဆောင်ရွက်နိုင်စွမ်းကို အကဲဖြတ်ခြင်း
  • အစုရှယ်ယာရှင်များမှ ရွေးချယ်တင်မြှောက်နိုင်ရန် အရည်အချင်း ပြည့်ဝသော ဘုတ်အဖွဲ့ဝင်များကို ရှာဖွေ၍ အကြံပြုခြင်း
  • အစုရှယ်ယာရှင်များ၏ ခွင့်ပြုချက်အတွက် ဘုတ်အဖွဲ့၏ လစာပေးချေမှုမူဝါဒကို အကြံပြုခြင်း
  • လုပ်ငန်းစု၏ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အကျိုးသက်ဆိုင်သူများ၏ မျှော်တွေးစဉ်းစားချက်များကို ထည့်သွင်းစဥ်းစားခြင်း

မဟာဗျူဟာ

  • လုပ်ငန်းစု၏ မဟာဗျူဟာကို သုံးသပ်ခြင်း၊ အတည်ပြုခြင်းနှင့် စောင့်ကြည့်ခြင်း
  • မဟာဗျူဟာရည်မှန်းချက်များကို ဖော်ဆောင်ရာတွင် လုပ်ငန်းစု၏ ဆောင်ရွက်ချက်များကို စောင့်ကြည့်ခြင်း
  • အရေးကြီးသော လုပ်ငန်းကိစ္စများတွင် ဆုံးဖြတ်ခြင်း

ဆုံးရှုံးနိုင်ခြေနှင့် စီမံထိန်းချုပ်မှု

  • ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုမူဘောင်နှင့် ဆက်စပ်သော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို အတည်ပြုခြင်းနှင့် ကြီးကြပ်ခြင်း
  • ကောင်းမွန်သော စီမံထိန်းချုပ်မှု ပတ်ဝန်းကျင်ကို တည်ထောင်ဖော်ဆောင်ခြင်း
  • လုပ်ငန်းစု၏ စွန့်စားဆောင်ရွက်နိုင်မှုကို သတ်မှတ်ခြင်း
  • ပြင်ပစာရင်းစစ်များနှင့် ရုံးတွင်းစာရင်းစစ်ချုပ်တို့ကို ခန့်အပ်ခြင်း၊ ပြန်လည်ခန့်အပ်ခြင်း နှင့် ထုတ်ပယ်ခြင်းတို့ အတွက် အစုရှယ်ယာရှင်များများကို အကြံပေးခြင်း
  • ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ ထုတ်ဖော်မှုများ၏ ခိုင်မာမှုကို သေချာစေခြင်း

အကျိုးသက်ဆိုင်သူများ

  • မြန်မာ့ဩဘာ၏ လုပ်ငန်းများကို လူမှု‌ရေးအရ တာဝန်ယူမှုရှိစွာဖြင့် ဆောင်ရွက်စေရန်နှင့် လုပ်ငန်းစုအတွက် အရေးအပါဆုံးသော အကျိုးသက်ဆိုင်သူများနှင့် စေ့စပ်ညှိနှိုင်းခြင်း

ဝန်ထမ်းများ

  • လုပ်ငန်းစုအတွက် လူ့စွမ်းအားအရင်းအမြစ်မူဝါဒများနှင့် မူဘောင်များကို သုံးသပ်ခြင်းနှင့် အတည်ပြုခြင်း
  • ရာထူးတိုးဆက်ခံရေးဆိုင်ရာ အစီအစဥ်များရေးဆွဲခြင်း
  • စီမံခန့်ခွဲမှုအဖွဲ့အတွက် လစာနှင့် အကျိုးအမြတ်အစီအစဉ်များကို ချမှတ်ခြင်း

ဒါရိုက်တာဘုတ်အဖွဲ့သည် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဖြည့်ဆည်းရာတွင် အကြံပေးဘုတ်အဖွဲ့၏ ပံ့ပိုးကူညီမှုကို ရရှိသည်။

ဒါရိုက်တာဘုတ်အဖွဲ့၏ ဖွဲ့စည်းပုံ (၂၀၂၃ မတ်လ ၃၁ရက်)

အစည်းအဝေးတက်ရောက်မှုနှင့် ဘုတ်အဖွဲ့၏ ဆောင်ရွက်မှုများ

ဒါရိုက်တာဘုတ်အဖွဲ့နှင့် အကြံပေးဘုတ်အဖွဲ့၏ ဆောင်ရွက်ချက်များ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဘုတ်အဖွဲ့သည် အစည်းအဝေး ၁၃ ကြိမ်တွေ့ဆုံခဲ့သည်။ ထိုအစည်းအဝေးများတွင် ယခင်နှစ်များ၌ အသုံးပြုခဲ့သော မဟာဗျူဟာများကို ပြန်လည်သုံးသပ်ခဲ့ကြပြီး လတ်တလောပြောင်းလဲနေသော နိုင်ငံရေးအခြေအနေနှင့် ဆက်စပ် လျက်ရှိသည့် စီးပွါးရေးလုပ်ငန်း၏ အနာဂတ်ဦးတည်ချက်များအပေါ် ဆွေးနွေးခဲ့ကြသည်။ အဓိကအနေဖြင့် ကျပ်ငွေတန်ဖိုး ကျဆင်းနေမှုကို ရင်ဆိုင်ဖြေရှင်းရေး၊ စီးပွားရေး တည်ငြိမ်စေရေး၊ ဝန်ထမ်းများ ဘေးကင်းလုံခြုံစေရေး၊ ငွေကြေးဖောင်းပွမှု တိုးလာခြင်းကြောင့် ဖြစ်ပေါ်နေသော စိန်ခေါ်မှုများကို စီမံခန့်ခွဲရေး နှင့် အစိုးရ၏ မူဝါဒများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ် အလေးထား ဆောင်ရွက်ရေး စသည်တို့နှင့်စပ်လျဥ်းသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတက်ရောက်မှု

အဖွဲ့ဝင် တစ်ဦးစီ၏ အစည်းအဝေးတက်ရောက်မှုကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်

အလုပ်အမှုဆောင်ကော်မတီ

Martin Weiss

Martin Weiss

လုပ်ငန်းစု စိုက်ပျိုးရေးပညာရှင်၊ ဧရာဝတီမျိုးစေ့နှင့်စိုက်ပျိုးရေးရေသွင်းစနစ်ကုမ္ပဏီလီမိတက် နှင့် ပထမမျိုးစေ့ ကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ်

Rajesh Malhotra

Rajesh Malhotra

လုပ်ငန်းစုဘဏ္ဍာရေးအရာရှိချုပ် နှင့် မဟာ၏
အမှုဆောင်အရာရှိချုပ်

Yeo Joohua

Yeo Joohua

လုပ်ငန်းဆိုင်ရာ အမှုဆောင်အရာရှိချုပ်

Thaung Htike

ဦးသောင်းထိုက်

Maha Agriculture Private Co. Ltd.
၏ အုပ်ချုပ်မှုဒါရိုက်တာ

Pyae Zone

ဦးပြည့်စုံ

Zega Finance Co. Ltd.
၏ တည်ထောင်သူ နှင့် အမှုဆောင် အရာရှိချုပ်

Cho Win Hlaing

ဦးချိုဝင်းလှိုင်

မြန်မာ့စံပြ မြေသြဇာကုမ္ပဏီလီမိတက်၏
အမှုဆောင်အရာရှိချုပ်၊
EvoGro ကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ်

Soe Than

ဦးစိုးသန်း

ဧရာဝတီမျိုးစေ့လုပ်ငန်း၏ အုပ်ချုပ်မှုဒါရိုက်တာ

Than Tint

ဦးသန်းတင့်

Myanma Awba Industries ၏ အမှုဆောင်အရာရှိချုပ်

Ya Min Thandar

ဒေါ်ယမင်းသန္တာ

ပီတိပြည့်စုံ ကုမ္ပဏီလီမိတက်၏ အမှုဆောင်အရာရှိချုပ်

Nyan Lin

ဦးဉာဏ်လင်း

ဝိစာရအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏
တွဲဖက်အမှုဆောင်အရာရှိချုပ်

Tin Aung Moe

ဦးတင်အောင်မိုး

ဝိစာရအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်၏
တွဲဖက်အမှုဆောင်အရာရှိချုပ်

Maung Maung Khaing

ဦးမောင်မောင်ခိုင်

မြန်မာကောင်းသုခ ကုမ္ပဏီလီမိတက်၏
အမှုဆောင်အရာရှိချုပ်

ဦးညီညီကျော်လွင်ဦး

လုပ်ငန်းစု ‌ရေရှည်တည်တံ့ခိုင်မြဲရေး အရာရှိချုပ်

Nandar Myat Oo

ဒေါ်နန္ဒာမြတ်ဦး

လုပ်ငန်းစုစာရင်းကိုင်ချုပ်

Soe Thiha Zaw

ဦးစိုးသီဟဇော်

Village Link Co. Ltd. ၏ အမှုဆောင် အရာရှိချုပ်

Rupesh Kumar

Rupesh Kumar Sinha

Maha Agriculture Private Co. Ltd.
၏ လုပ်ငန်းဆိုင်ရာအမှုဆောင်အရာရှိချုပ်

မှတ်တိုင်များ

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။