မြန်မာ့သြဘာလုပ်ငန်းစုမှ မြန်မာနိုင်ငံ၏ ပထမဆုံးသော ပုဂ္ဂလိကပိုင် စိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေး စက်ရုံကို ဖွင့်လှစ်

28 August 2018

မှော်ဘီမြို့နယ်။ ၁၉ ရက် ၊ သြဂုတ်၊ ၂၀၁၈။ ။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး စိုက်ပျိုးရေး သွင်းအားစု လုပ်ငန်းအဖွဲ့အစည်းဖြစ်သော မြန်မာ့သြဘာလုပ်ငန်းစုသည် မြန်မာ့ ပထမဆုံးသော ပုဂ္ဂလိကပိုင်စိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေး စက်ရုံဖြစ်သည့် “မှော်ဘီ စိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံ” (Hmawbi Agricultural Input Complex _ HAIC) အား မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်ပါပြီ။ စက်ရုံကြီးကို ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအနီး အကျယ်အဝန်း ၂၁၆ ဧက ( ၅၁ ဟက်တာ ခန့်) တွင် တည်ဆောက်ထားပါသည်။

နောက်ဆုံးပေါ် နည်းပညာများဖြင့် တည်ဆောက်ထားသည့် “မှော်ဘီ စိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံ” သည် ကမ္ဘာ့ အဆင့်မီသုတေသနနှင့် ဆန်းသစ်တီထွင်မှုများအပေါ်အခြေခံ၍ ရေမြေဒေသ၊ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံလိုအပ်ချက်များနှင့် လျှော်ညီမှုရှိအောင် ထုတ်လုပ်သွားပါမည်။ စက်ရုံကြီးသည် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာဘဏ္ဍရေးအဖွဲ့က ချမှတ်ထားသည့် သဘာဝပတ်ဝန်းကျင်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး စံများနှင့်အညီ တည်ဆောက်လည်ပတ် လုပ်ကိုင်သွားမည်ဖြစ်ပါသည်။

“ပြည်တွင်းဖူလုံမှုအတွက် ထုတ်လုပ်ရေးလုပ်ငန်းများ တည်ထောင်လုပ်ကိုင်မှုများအထဲမှာ “မှော်ဘီ စိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံ” က ဦးဆောင်သူ နမူနာကောင်း ဖြစ်လိုပါတယ်။ နိုင်ငံတော်အတွက် စိုက်ပျိုးရေး ကဏ္ဍရဲ့ အရေးပါမှုကို နားလည်သိမြင်မယ်ဆိုရင် ယခုအချိန်ဟာ စိုက်ပျိုးရေး သွင်းအားစု များ ဖျော်စပ်ထုတ်လုပ်မှုများကို မိမိတို့ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့ လိုအပ်နေပါပြီ။ ဒီလိုမှသာ စိုက်ပျိုးရေးသုံး ဓါတုပစ္စည်းများနဲ့ပတ်သက်ပြီး မိမိတို့ မြန်မာပြည်အတွက် မိမိတို့ ကိုယ်တိုင်စီမံတဲ့ သုတေသနတွေ၊ ဆန်းသစ်မှုတွေ၊ တိုးတက်မှုတွေ ပေါ်ပေါက်ဖြစ်ထွန်းလာမှာဖြစ်ပါတယ်။ တိုင်းသူပြည်သားတွေ အတွက် အလုပ်အကိုင်သစ်တွေလည်း ဖန်တီးပေးလာနိုင်မှာဖြစ်ပါတယ်။” ဟု မြန်မာ့သြဘာလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဌ ဖြစ်သူ ဦးသတိုးဟိန်းက ပြောပါတယ်။

ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ရဲ့ ၂၉% ကျော်ကို ရှာဖွေပေးပြီး တိုင်းပြည်လုပ်သားအင်အားစုရဲ့ ၇၀% ကျော် အလုပ် လုပ်နေကြတဲ့ စိုက်ပျိုးရေးကဏ္ဍ ဟာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် များစွာအရေးပါလှပါတယ်။ တိုင်းပြည်ရဲ့ လိုအပ်ချက်များနှင့်အညီ စီမံထုတ်လုပ်မည့် “မှော်ဘီ စိုက်ပျိုးရေး သွင်းအားစု ထုတ်လုပ်ရေးစက်ရုံ” မှ စိုက်ပျိုးရေးသွင်းအားစုများနဲ့ မြေရဲ့ ထုတ်လုပ်နိုင်စွမ်း၊ သီးနှံ အထွက်နှုန်းနှင့် အရည်အသွေးများတိုးတက်ကောင်းမွန် လာပါမယ်။ တောင်သူတွေရဲ့ဘဝတွေ တိုးတက်ကောင်းမွန်လာပါမယ်။

ပြည်တွင်းမှ ထုတ်လုပ်နိုင်ခြင်းကြောင့် ပြည်ပမှ တင်သွင်းတဲ့ စိုက်ပျိုးရေးသွင်းအားစုတွေထက် ကုန်ကျစရိတ် ၂၀% ခန့် သက်သာပါတယ်။ စက်ရုံအနေနဲ့ တိုင်းပြည်လိုအပ်တဲ့ စိုက်ပျိုးရေးသွင်းအားစုများ၏ ၅၀% ခန့် ဖြည့်ဆည်း ထုတ်လုပ်ပေးနိုင်ပါမယ်။

“မြန်မာ့စိုက်ပျိုးရေး ကဏ္ဍမှာ ဦးဆောင်သူဖြစ်နေတာနဲ့အမျှ စိုက်ပျိုးရေး ကဏ္ဍအပေါ် စိန်ခေါ်မှုများကို ဖြေရှင်းဖို့ နဲ့ အပြောင်းအလဲများအကောင်အထည်ဖေါ်ဆောင်တာကို ဦးဆောင်ရာမှာ အလွန်အားစိုက်ထုတ်ရပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုတာ ကိုယ်ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေအပေါ် များစွာမှီတည်နေတာဖြစ်ပါတယ်။ နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲနေတဲ့ မိုးလေဝသက စလို့ ကပ်အသွင် ပိုးမွှားရောဂါ ကျရောက်မှု၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲလာခြင်းနဲ့ ကမ္ဘာကြီးပူနွေးလာမှု အထိအကျုံးဝင်ပါတယ်။ ပြည်တွင်းမှာ စိုက်ပျိုးရေး သွင်းအားစုများ ထုတ်လုပ်နိုင်ခြင်းဖြင့် အဆိုပါ ပြောင်းလဲမှုများကြောင့်ဖြစ်လာမယ့် အကျိုးတရားများကို မြန်မြန်ဆန်ဆန်ထိထိရောက်ရောက် တုန့်ပြန်ဖြေရှင်းသွားနိုင်ပါမယ်။” ဟုဦးသတိုးဟိန်းက ဆိုပါတယ်။

လိုအပ်သည့် ပါဝင်ပစ္စည်းများကို ဆက်လက်တင်သွင်းလျက်ရှိရာ “မှော်ဘီ စိုက်ပျိုးရေး သွင်းအားစု ဓာတုပေါင်းစပ်ရေး စက်ရုံ” က ထုတ်လုပ်သည့် ပေါင်းစပ်ရေးများသည် မြန်မာနိုင်ငံ၏ အသေးစိတ်လိုအပ်ချက်များကို ဖော်ထုတ် ပေးပြီး တောင်သူလယ်သမားကြီးများ၏ သီးနှံထွက်နှုန်းတိုးစေရန်နှင့် အရည်အသွေးကောင်းမွန်သည့် သီးနှံများကို ထိရောက်၍ တွက်ခြေကိုက်စေမည့် နည်းလမ်းပေးရန် ရည်ရွယ်သည်။ လိုအပ်ချက်များ အတိုင်း စီမံဖော်စပ်ထားတဲ့ ဆေးအမျိုးအစား ၂၀၀ ကျော် ထုတ်လုပ်နိုင်တာကြောင့် တောင်သူများ ပြည်ပကတင်သွင်းလာတဲ့ ဆေးများအား မှီခိုရခြင်းမှ လျှော့နည်းစေမှာ ဖြစ်ပါတယ်။

ရေရှည်တည်တံ့ဖွံ့ဖြိုးမှုအတွက် စက်ရုံရဲ့တည်ဆောက် လည်ပတ်လုပ်ကိုင်မှုများအား ၂၀၁၈ မှ ၂၀၂၁ အတွင်း အဆင့် ၃ ဆင့် ခွဲပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ နောက်အဆင့် ၂ ဆင့်မှာ ဖျော်စပ်ထုတ်လုပ်မှုစက်ရုံများ၊ ကုန်များများထည့်သွင်းသိုလှောင်နိုင်သည့် စနစ်ဖြင့်သိုလှောင်ရုံများ ၊ စမ်းသပ်စိုက်ခင်းများ ၊ နေအား လျှပ်စစ်ထုတ်လုပ်စက်ရုံစနစ်များ၊ မှန်လုံအိမ်စိုက်ခင်းများ ထည့်သွင်းပါဝင်လာမှာ ဖြစ်ပါတယ်။ ထိုတိုးချဲ့ တည်ဆောက်မှုများဖြင့် HAIC ၏ ကုန်ထုတ်စွမ်းအားကို ၃၀ ရာခိုင်နှုန်းကျော်တိုးတက်လာစေမှာ ဖြစ်ပါတယ်။

‹ Return to articles page

If you are passionate about agriculture and believe in its significance in changing lives, join us

Explore a career with us