Village Link ကုမ္ပဏီ၏ “ထွက်တိုး” စိုက်ပျိုးရေး မိုဘိုင်းအပလီကေးရှင်း အာဆီယံ အကောင်းဆုံး စိုက်ပျိုးရေးနည်းပညာ စွန့်ဦးတီထွင်ဆုရ

22 January 2020

ရန်ကုန်၊ ဇန်နဝါရီလ၂၂ ရက်၊ ၂၀၂၀။           ။ စိုက်ပျိုးရေးနည်းပညာကုမ္ပဏီ Village Link သည် အရှေ့တောင် အာရှဒေသတွင်း အကောင်းဆုံးစိုက်ပျိုးရေးနည်းပညာဆု (ASEAN Rice Bowl Startup Award) ကို ရရှိခဲ့ သည်။ ၄င်းမတိုင်မီက ၂၀၁၉ ခုနှစ်အတွက် နိုင်ငံတွင်း အကောင်းဆုံး စိုက်ပျိုးရေးနည်းပညာဆုကို လည်းရရှိခဲ့ ပါတယ်။

Village Link ကုမ္ပဏီသည် ပဉ္စမအကြိမ်မြောက် ကျင်းပပြုလုပ်သော အာဆီယံအဆင့် စွန့်ဦးတီထွင်သူ ဆုရွေးချယ်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဆွတ်ခူးရရှိခြင်းဖြစ်ပြီး ယခုဆုသည် မြန်မာနိုင်ငံအတွက် ဆုရွေးချယ်ပေးချိန်မှစတင်၍ စိုက်ပျိုးရေးကဏ္ဍအတွက် ပထမဦးဆုံး ဆွတ်ခူးရရှိခြင်း ဖြစ်ပါသည်။

မြန်မာ့ဩဘာလုပ်ငန်းစုသည် Village Link ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်အဖြစ် ပါဝင်ပါသည်။

“ကျွန်တော်တို့ကုမ္ပဏီနေနဲ့ အာဆီယံအဆင့် ASEAN Rice Bowl Startup ဆုပေးပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ပထမဦးဆုံး အနေဖြင့် စိုက်ပျိုးရေးနည်းပညာ ကဏ္ဍအတွက် ဆွတ်ခူးရရှိခြင်းကို ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ယခုလိုဆုရယူနိုင်ခြင်းကြောင့် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ကို အာဆီယံဒေသတွင်းမှာ အာရုံစိုက်မှုများလာမှာပါ” ဟု Village Link ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးအေဒရီယန်စိုးမြင့်မှ ပြောကြားပါတယ်။ ဒီဆု ဆွတ်ခူးရရှိနိုင်ခြင်းဟာ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ကြိုးစား ဆောင်ရွက်မှုများနှင့်အတူ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းများရဲ့  ပူးပေါင်းပါဝင် ပံ့ပိုးမှုများလည်း ပါဝင် ပါတယ်။ ကျွန်တော်တို့နိုင်ငံ စားနပ်ရိက္ခာဖူလုံစေရေးအတွက် နေပူမိုးရွာမရှောင် ပင်ပင်ပန်းပန်း အလုပ်လုပ် ကြတဲ့ တောင်သူလယ်သမားများ အားလုံးအတွက် ပိုမိုကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။” ဟု
ဆက် လက်ပြောဆိုပါတယ်။

မြန်မာနိုင်ငံ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုရဲ့ ၃၈% ရှိတဲ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် Village Link ကုမ္ပဏီအနေဖြင့် အသိပညာနှင့် ဗဟုသုတ အရင်းအမြစ်များ ပိုမိုများပြား မြှင့်တင် နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံးစိုက်ပျိုးရေးကွန်ယက်အနေနဲ့ လူသိများထင်ရှားတဲ့ “ထွက်တိုး” မိုဘိုင်းဖုန်း အပလီကေးရှင်းဟာဆိုရင် တောင်သူလယ်သမားများ သီးနှံ အရည်အသွေးနှင့် အထွက်နှုန်းတိုးတက် မြင့်မားစေရေးအတွက် အသိပညာ၊ ဗဟုသုတနှင့် စိုက်ပျိုးရေး နည်းလမ်းများ အလွယ်တကူရရှိစေရန် တီထွင်ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ကျေးလက်နှင့် စိုက်ပျိုးရေးနယ်ပယ်များတွင် မိုဘိုင်းဖုန်း သုံးစွဲလာမှု အရှိန်အဟုန်မြင့်မားလာြခင်းနှင့်အတူ “ထွက်တိုး” သည် တောင်သူအစုအဖွဲ့များအတွက် တိုက်ရိုက်အပြန်အလှန်စာပို့နိုင်ခြင်း၊ ရာသီဥတုအပြောင်းအလဲ အ‌ခြေအနေများကို အချိန်နှင့်တပြေးညီသိရှိနိုင်ခြင်း၊ ကုန်စည်သီးနှံဈေးနှုန်းသိရှိနိုင်ခြင်း နှင့် စိုက်ပျိုးရေးနှင့်သက်ဆိုင်သော ရောင်းဝယ်သူများအကြား ချိတ်ဆက်ပံ့ပိုးပေးခြင်း စသည် တို့ကိုဆောင်ရွက်ပေးလျက်ရှိပါတယ်။

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလအထိ “ထွက်တိုး” ကို ရယူအသုံးပြုသူပေါင်း ၄သိန်းခွဲကျော်ရှိပြီး တောင်သူများ၏ စိုက်ပျိုးရေးနှင့်ဆိုင်သော မေးခွန်းပေါင်း ၄သောင်းကျော်ကို ဖြေဆိုပေးခဲ့ပြီး ဖြစ်ပါတယ်။ “ထွက်တိုး” စိုက်ပျိုးရေးမိုဘိုင်းဖုန်း အပလီကေးရှင်းသည် နယ်သာလန်နိုင်ငံအခြေစိုက် Natherland Space Office(NSO) ၏ Geodata for Agriculture and Water(G4AW) ပရိုဂရမ်ရဲ့အစိတ်အပိုင်း တစ်ခုဖြစ်သော (MyVAS4Agri) project ကို လက်တွဲ ဖော်ဆောင်ပေးနေခြင်းလည်းဖြစ်ပါတယ်။

Village Link ကုမ္ပဏီသည် MyVAS4Agri project အစိတ်အပိုင်းတစ်ခုအနေဖြင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သော စီးပွားရေးလုပ်ငန်းများနှင့် အသုံးပြုသူတောင်သူများအတွက် ဂြိုလ်တုနည်းပညာအသုံးပြု စိုက်ပျိုးရေး ဝန်ဆောင်မှု (VLSS) ကိုလည်း စတင်မိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

အဆိုပါ ဝန်ဆောင်မှုသည် စိုက်ပျိုးရေးဆိုင်ရာ ဂြိုလ်တုသတင်းအချက်အလက်များနှင့် မြေပြင်သတင်း အချက်များ ပေါင်းစပ်ပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းရှင်များနှင့် အဖွဲ့ အစည်းများအတွက် ၎င်းတို့၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများနှင့် ဆုံးဖြတ်ချက်ချမှတ် ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် များစွာအထောက်အကူပြု စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

ဂြိုလ်တုနည်းပညာအသုံးပြု စိုက်ပျိုးရေး ဝန်ဆောင်မှု (VLSS) တွင် နေရာဒေသအလိုက် မိုးလေဝသ လေ့လာ စောင့်ကြည့်မှုများ၊ ခန့်မှန်းချက်များ၊ သီးနှံအမျိုးအစားခွဲခြားခြင်း၊ သီးနှံပင် ကြီးထွားမှုအဆင့်များ၊ ရေလွှမ်း မိုးမှု စောင့်ကြည့်လေ့လာခြင်းတို့အပြင် အခြားသော ကိစ္စရပ်များ ပါဝင်လျက်ရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍ တွင် ပါဝင်ပတ်သက်သော စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများ၊ ကုန်သည်ပွဲစားများ၊ စိုက်ပျိုးထုတ်ကုန် ရောင်းချသူများ၊ ငွေချေးလုပ်ငန်းများနှင့် အခြားသောအဖွဲ့အစည်းများအတွက် အကျိုးအမြတ်များစွာရရှိ
စေနိုင်မှာဖြစ်ပါတယ်။

ဂြိုလ်တုနည်းပညာအသုံးပြု စိုက်ပျိုးရေး ဝန်ဆောင်မှု (VLSS) သည် ယခုအချိန်တွင် တောင်သူလယ်သမား များအတွက် စိုက်ပျိုးရေး၊ မိုးလေဝသခန့်မှန်းချက်များနှင့် အကြံပြုချက်များကို “ထွက်တိုး” အပလီကေးရှင်း မှတဆင့် ပေးပို့ပေးလျက်ရှိပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအတွက် သတင်းအချက်အလက်များ အသုံးပြု ခြင်းကိုမူ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် စတင်ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပါသည်။

ASEAN Rice Bowl Start-up Awards ဆုအတွက် ထိပ်သီးအဆင့် ဆွေးနွေးပွဲ အခမ်းအနားကို မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့တွင် နှစ်ရက်တိုင်တိုင်ကျင်းပခဲ့ပါသည်။ ထိပ်သီးဆွေးနွေးပွဲတွင် ကမ္ဘာ့အဆင့်မီ ထင်ရှား ကောင်းမွန်သော တီထွင်ဖန်တီးခြင်းများ ပေါ်ထွန်းလာစေရန်နှင့် စတင်လုပ်ဆောင်သူများကို အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရန် အာဆီယံဒေသတွင်း အတွေးအမြင်များ တိုးတက်ကောင်းမွန်ရေး အကြောင်းများ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲကို သတင်းမီဒီယာများ၊ ရင်းနှီးမြှုပ်နှံသူများ၊ အာဆီယံနိုင်ငံများမှ အစိုးရတာဝန်ရှိသူများ၊ စွန့်ဦးတီထွင်ဖန်တီးသူအဖွဲ့အစည်းများနှင့် ဆက်စပ်အဖွဲ့အစည်းပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့တယ်ဟု သိရပါသည်။

‹ Return to articles page

If you are passionate about agriculture and believe in its significance in changing lives, join us

Explore a career with us