
လက်ရှိစီးပွားရေးအခြေအနေများကြားတွင် မြန်မာတောင်သူဦးကြီးများ၏ အသက်မွေးဝမ်းကြောင်းများ တိုးမြင့် လာစေရန် ကူညီပံ့ပိုးပေးခြင်းသည် ပိုမိုအရေးကြီးပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစုသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော အခြေအနေတွင် တောင်သူဦးကြီးတို့လိုအပ်သော ဝန်ဆောင်မှုများနှင့် များနှင့် ထုတ်ကုန်များကို ပံ့ပိုးပေးခြင်း သာမက ၎င်းတို့ကိုထိထိရောက်ရောက်သုံးစွဲနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှု အနည်းဆုံး ဖြစ်စေရန်ကိုလည်း ကူညီဆောင်ရွက်ပေးမည်ကို ကတိပြုပါသည်။ ဤသို့ ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့်များဆီသို့ ကူးပြောင်းရေးကို မြှင့်တင်ဆောင်ရွက်မှုသည် မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများအတွက် အယုံကြည်ရဆုံး မိတ်ဖက်ဖြစ်လာစေရန်တွက် ရည်မှန်းပါသည်။
တောင်သူဦးကြီးတို့လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြန်မာ့ ဩဘာလုပ်ငန်းစု၏ ထုတ်ကုန်များအား မြှင့်တင်ခြင်း
လွန်ခဲ့သည့် ၁၈ လအတွင်း မြန်မာ့ဩဘာလုပ်ငန်းစုသည် တောင်သူလယ်သမားများ၏ ဝယ်ယူအားကျဆင်းခြင်းနှင့် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် စိုက်ပျိုးမြေများ လျော့နည်းသွားခြင်းကဲ့သို့သော သိသာထင်ရှားသောစိန်ခေါ် : International Food Policy Research Institute (IFPRI) မုတ်သုံရာသီအတွင်း လယ်ယာထွက်ကုန်များ ရောင်းချမှု သည် ၂ဝ၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဓိကအားဖြင့် ငွေကြေးဆိုင်ရာ စိန်ခေါ်မှုများနှင့် မတည်ငြိမ်မှုများကြောင့် ဓာတ်မြေသြဇာရောင်းချမှုတွင် ၁၈ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး သုံး ဆေးဝါးထုတ်ကုန်များတွင် ၉ ရာခိုင်နှုန်းနှင့် မျိုးစေ့များ တွင် ပျမ်းမျှအားဖြင့် ၈ ရာခိုင်နှုန်း အသီးသီးဖြင့် သိသိသာသာ ကျဆင်းသွားခဲ့သည်။ မြန်မာ့ဩဘာလုပ်ငန်းစု သည်လည်း အဓိကအားဖြင့် တောင်သူလယ်သမားများ အကြား ဝယ်ယူနိုင်မှု လျော့နည်းခြင်းကြောင့် ခြုံငုံကြည့် ပါက ထုတ်ကုန်ရောင်းအား ၁ဝ ရာခိုင်နှုန်း ကျဆင်း သွားခြင်းကို တွေ့ရှိခဲ့ရသည်။


