ကျွန်ုပ်တို့၏ထုတ်ကုန်များထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများ၊ စွမ်းအင်နှင့် ရေတို့ကို မှီခိုပါသည်။ ကျွန်ုပ်တို့သည် ကုန်ထုတ်လုပ်ငန်းစဉ်များ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ပြီး မူဝါဒ ချမှတ်ထားသည့်အတိုင်း အကျိုးသက်ရောက်မှုများကို ဂရုတစိုက်စောင့်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို အတတ်နိုင်ဆုံး လျှော့ချရန် ရည်ရွယ်ပါသည်။ ကမ္ဘာမြေအတွက် အကျိုးရှိသောအရာသည် ကျွန်ုပ်တို့၏လုပ်ငန်းအတွက်လည်း ကောင်းမွန်ပါသည်။ စွမ်းအင် ချွေတာရန်နှင့် အမှိုက်များကို တတ်နိုင်သမျှ လျော့နည်းစေရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်။
ကုန်ကြမ်းတင်သွင်းရန် နှင့် ကုန်ချောအဖြစ်သို့ ပြောင်းလဲပြီး နိုင်ငံတစ်ဝန်းရှိ လယ်သမားထောင်ပေါင်းများစွာထံ ရောက်ရှိစေရန် ကျွန်ုပ်တို့သည် မိတ်ဖက်အမျိုးမျိုးနှင့် ကိုယ်စားလှယ် ၉၀၀ကျော် ဖြင့် နီးကပ်စွာလုပ်ဆောင်ပါသည်။
ကျွန်ုပ်တို့၏ ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ပြီး ကျွန်ုပ်တို့၏ ထုတ်ကုန်များမှတစ်ဆင့် မြန်မာ့တောင်သူလယ်သမားများအကျိုးကျေးဇူးများ ရရှိစေရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရေးပါသူအမျိုးမျိုးနှင့် တွေ့ဆုံဆက်သွယ်ပါသည်။
မြန်မာ့ဩဘာသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ကြိုးပမ်းပါသည်။ ကျွန်ုပ်တို့သည် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ပြီး လိုအပ်သည့်အချိန်တိုင်းတွင် ထိရောက်သော ကုထုံးများ ပံ့ပိုးပေးနိုင်ကြောင်း သေချာစေပါသည်။




မြန်မာ့သြဘာလုပ်ငန်းစုသည် မှော်ဘီမြို့နယ်ရှိ ဒေသခံတို့၏ စိုးရိမ်ပူပန်မှုကို သိရှိနားလည်သောကြောင့် Hmawbi Agricultural Input Complex (HAIC) စက်ရုံ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများကို နိုင်ငံတကာမှ သတ်မှတ်ထားသည့်အတိုင်းလိုက်နာလုပ်ဆောင်သွားမည်ဖြစ်သည်။
၂၀၀၃ ခုနှစ်၏ သဘာဝပတ်ဝန်းကျင်ဥပဒေအရ စီမံကိန်းဆောက်လုပ်ပြီးစီးချိန်တွင် ကြားခံတတိယအဖွဲ့အစည်းမှ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) ကိုဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ပြီးဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ပြီးနောက်တွင် မြန်မာ့သြဘာလုပ်ငန်းစုသည် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ လမ်းညွှန်ပြသမှုဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) အသစ်ကို ထပ်မံဆန်းစစ်ပြုလုပ်ခဲ့သည်။ ဤနောက်ဆုံး ဆန်းစစ်မှုကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ကို တင်ပြခဲ့ပြီးဖြစ်သည်။
မြန်မာ့သြဘာလုပ်ငန်းစုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် HAIC အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC-1016) (စာအမှတ်: EIA-3/2/ECC(EIA)(4944/2024) ဖြင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ သဘာဝပတ်ဝန်းကျင်သုံးသပ်ချက် (EIA) နည်းလမ်းအတွက် လိုအပ်ချက်များနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းဆောင်ရွက်မှုများအတွက် ကတိကဝတ်နဲ့အညီ လိုက်နာဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။
မြန်မာ့သြဘာစီမံကိန်းများ၏ အကျိုးသက်ရောက်မှုကိုခံရသည့် လူမှုအသိုင်းအဝိုင်းမှ တိုင်ကြားချက်များနှင့် အကြံပြုချက်များကိုသိရှိနားလည်စေရန်၊ မြန်မာ့သြဘာလုပ်ငန်းစုနှင့် လူမှုအသိုင်းအဝိုင်းကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရရှိစေရန် လုပ်ဆောင်ပေးသောအရာတစ်ခုဖြစ်သည်။

မြန်မာ့သြဘာလုပ်ငန်းစုနှင့် လူမှုအသိုင်းအဝိုင်းကြား အပြန်အလှန်ဆက်ဆံရေးရှိအောင် ပြုလုပ်ခြင်း

လူမှုအသိုင်းအဝိုင်းရှိ ဒေသခံများမှ မိမိတို့ဆန္ဒအားလွတ်လပ်စွာထုတ်ပြောခွင့်ရှိခြင်း

စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များလျော့နည်းအောင် စီမံခန့်ခွဲခြင်း

လူမှုအသိုင်းအဝိုင်းကြား လုပ်ငန်းလုပ်ကိုင်ရန် လူမှုရေးလိုင်စင် ရရှိအောင် ပြုလုပ်ခြင်း
ကျေးလက်နေပြည်သူများမှ Grievance Mechanisms ဟုခေါ်သည့် နည်းလမ်းအသစ်ကိုအသုံးပြု၍ တိုင်ကြားမှုများနှင့် အကြံပေးမှုများကို ပြုလုပ်နိုင်ရန် ကျေးလက်ဒေသများမှ ဒေသခံကိုယ်စားလှယ်များကိုရွေးချယ်ထားရှိပါသည်။ အဆိုပါ ကိုယ်စားလှယ်များသည် လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြားနားလည်မှုရရှိအောင် အဓိကညှိုနှိုင်းပေးသူများဖြစ်သည်။
စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။
အလုပ်ရှာရန်