မြန်မာ့တောင်သူလယ်သမားများသည် ရာသီဥတုပြောင်းလဲမှု၏ ထိခိုက်မှုများကိုယခုလက်ရှိ၌ပင် ခံစားနေကြရလျက်ရှိပြီး ၎င်းသည် အန္တရာယ်များနှင့်အတူ စီးပွားရေးအခွင့်အလမ်းများကိုလည်း ဖော်ပြလျက်ရှိသည် ဟု မြန်မာ့ဩဘာအနေဖြင့် နားလည်ထားပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပိုမိုချိတ်ဆက်မိသော စီးပွားရေးပုံစံအပေါ် အခြေခံ၍ ဇီဝမြေဩဇာကဲ့သို့သော အသစ်အသစ်သော ဖြေရှင်းနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လုပ်ကိုင်လျက်ရှိပါသည်။
မြန်မာ့တောင်သူဦးကြီးများသည် ရာသီဥတုပြောင်းလဲမှုများ၏ ဆိုးကျိုးများကို အထူးခံစားနေရလျက်ရှိပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစုသည် တောင်သူဦးကြီးများအနေဖြင့် တာဝန်ယူမှုရှိသော စိုက်ပျိုးရေးနည်းလမ်းများ ကျင့်သုံးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို အနည်းဆုံးဖြစ်စေရန်၊ သီးနှံထွက်နှုန်း တိုးတက်စေရန်နှင့် ရာသီဥတုဒဏ်ခံနိုင်ပြီး လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာစေရန် ထုတ်ကုန်နှင့် ဖြေရှင်းနည်းများကို အကြံပြုပေးလျက်ရှိပါသည်။
မြန်မာ့ဩဘာလုပ်ငန်း၏ အတွေးအမြင် ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကိုဖြန့်ဖြူး ရောင်းချသူများနှင့် တောင်သူဦးကြီးများထံ ပံ့ပိုးပေးနိုင်ရန်အတွက် ဝန်ထမ်း ၂,၇၂၀ ကျော်တို့နှင့် နေ့စဉ်ထိတွေ့ဆက်ဆံလျက်ရှိပါသည်။ ဤဝန်ထမ်းများသည် မြန်မာ့ဩဘာလုပ်ငန်းစု၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် အထောက်အကူဖြစ်စေသည့်အလျောက် အဆိုပါဝန်ထမ်းများအတွက် မိမိတို့၏အစွမ်းအစများကို အပြည့်အဝဖော်ထုတ်နိုင်ပြီးတန်းတူညီမျှစွာ အကျိုးခံစားခွင့်ရရှိစေမည့် လုံခြုံမှုနှင့် လေးစားမှုရှိကာ လူတိုင်းပါဝင်နိုင်သော လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်ရန်အတွက် မြန်မာ့ဩဘာလုပ်ငန်းစုမှ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ဩဘာလုပ်ငန်းစု၏ အောင်မြင်တိုးတက်မှုသည် သဘာဝတရားနှင့် လူမှုဂေဟစနစ်ပေါ်တွင် မူတည်နေသည်။ ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို အတတ်နိုင်ဆုံး လျှော့ချပြီး မြန်မာ့စီးပွားရေးနှင့် လူထုအပေါ် အကျိုးရှိနိုင်မည့် လူမှုစီးပွားဆိုင်ရာ လုပ်ဆောင်ချက်များကို တိုးမြှင့်ရမည်ဖြစ်ပြီး တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင်သာမှုရှိသော ကုမ္ပဏီဖြစ်စေရန် ရည်ရွယ်ပါသည်။
မြန်မာ့ဩဘာလုပ်ငန်းစုအနေဖြင့် အကျိုးသက်ဆိုင်သူများနှင့် ပုံမှန်တွေ့ဆုံဆက်သွယ်ရန် ရည်မှန်းထားသည်။ ဤသည်မှာ ရေရှည်တည်တံ့သော ဆက်ဆံရေးများကိုတည်ဆောက်ရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် ကျွန်ုပ်တို့၏ ဂုဏ်သိက္ခာနှင့် လူမှုရေးဆိုင်ရာ ဆောင်ရွက်မှုများကိုကာကွယ်ရန်အတွက် အရေးကြီးပါသည်။ ကျွန်ုပ်တို့၏ ဦးစားပေးခံယူချက်များနှင့် လိုက်လျောညီထွေမှုရှိသည့် ပရဟိတအကူအညီများကို ပံ့ပိုးကူညီပေးရန် စိတ်အားထက်သန်လျက်ရှိပါသည်။
မြန်မာ့ဩဘာလုပ်ငန်းစုအနေဖြင့် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များအား ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် အစဉ်အမြဲ သတင်းထုတ်ပြန်လျက် ရှိပါသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့ အကျိုးသက်ဆိုင်သူများ၏ ယုံကြည်မှုကို ရရှိရန် အထူးအရေးပါသည်ဟုလည်းယုံကြည် ပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစုအနေဖြင့် ထိုကဲ့သို့ထုတ်ပြန်မှုများအတွက် နိုင်ငံတကာ စံနှုန်းများကိုအသုံးပြုပြီး အရေးကြီးသည့်အခန်း ကဏ္ဍများကို သတ်မှတ်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ပါသည်။
စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။
အလုပ်ရှာရန်