ဤရေရှည်တည်တံ့ခိုင်မြဲရေး အစီရင်ခံစာသည် မြန်မာ့ဩဘာလုပ်ငန်းစုမှ ပထမဆုံးအကြိမ် ထုတ်ဝေသော အစီရင်ခံစာဖြစ်ပါသည်။ ဤအစီရင်ခံစာမှတစ်ဆင့် မြန်မာ့ဩဘာလုပ်ငန်းစု၏ အကျိုးသက်ဆိုင်သူများအပေါ် ထားရှိသော တာဝန်သိရှိမှုနှင့် ပွင့်လင်းမြင်သာမှု ကတိကဝတ်ကို ထင်ဟပ်ဖော်ပြပါသည်။
မြန်မာ့ဩဘာလုပ်ငန်းစုသည် မိသားစုပိုင်ကုမ္ပဏီအုပ်စုအနေဖြင့် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ $^1$ မြန်မာ့ဩဘာလုပ်ငန်းစုသည် မြန်မာနိုင်ငံတွင် စိုက်ပျိုးသီးနှံများကာကွယ်ခြင်း၊ သီးနှံအာဟာရနှင့် အရည်အသွေးမြင့် မျိုးစေ့များကို ထောက်ပံ့ခြင်း အစရှိသည့်လုပ်ငန်းစဉ်များနှင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို အဓိကထား၍ ထုတ်လုပ်ဖြန့်ဖြူးနေသော အကြီးမားဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
မြန်မာနိုင်ငံအတွက် စိုက်ပျိုးရေးသည် အလွန်အရေးပါသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။ တောင်သူဦးကြီးများ၏ လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံရှိ ပြည်သူများအား စားနပ်ရိက္ခာနှင့် အလုပ်အကိုင်များ ထောက်ပံ့လျက်ရှိ၍ မြန်မာနိုင်ငံစီးပွားရေး၏ အသက်သွေးကြောသဖွယ် တည်ရှိနေပါသည်။
လယ်ယာစိုက်ပျိုးရေးအလေ့အထများ ပိုမိုကောင်းမွန်အောင် မြှင့်တင်ခြင်းသည် လယ်သမားများကို ပံ့ပိုးပေးရုံသာမက ရာသီဥတုဖောက်ပြန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်း အရေးပါသည်။
ကျွန်ုပ်တို့၏အတွေးအမြင်ဗဟုသုတများနှင့် ကျွမ်းကျင်မှုများကို ဖြန့်ဖြူးသူများနှင့် တောင်သူဦးကြီးများထံ ပံ့ပိုးပေး နိုင်ရန်မှာ ၂,၆၀၀ သောဝန်ထမ်းများအပေါ် မူတည်နေပါသည်။ ကျွန်ုပ်တို့ဝန်ထမ်းများအတွက် လုံခြုံပြီး လူတိုင်း ပါဝင်နိုင်သောလုပ်ငန်းခွင်တစ်ခု ဖြစ်လာစေရန် မြန်မာ့ဩဘာလုပ်ငန်းစုမှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ဩဘာလုပ်ငန်းစု၏အောင်မြင်တိုးတက်မှုသည် သဘာဝတရားနှင့် လူမှုဂေဟစနစ်ပေါ်တွင် မူတည် နေသည်။ ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်ပေါ်သက်ရောက်မှုကို အတတ်နိုင်ဆုံး လျှော့ချပြီး မြန်မာ့စီးပွားရေး နှင့် လူထုအပေါ် အကျိုးရှိရှိနိုင်မည့် လူမှုစီးပွားဆိုင်ရာ လုပ်ဆောင်ချက်များကို တိုးမြှင့်ရမည်။
မြန်မာ့ဩဘာလုပ်ငန်းစုအနေဖြင့် အကျိုးသက်ဆိုင်သူများနှင့် ပုံမှန်တွေ့ဆုံဆက်သွယ်ရန် ရည်မှန်းထားသည်။ ရေရှည်တည်တံ့သော ဆက်ဆံရေးတည်ဆောက်ရန်နှင့် လုပ်ငန်းလည်ပတ်ရန်အတွက် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာ နှင့် လူမှုရေးဆိုင်ရာ ဆောင်ရွက်မှုများကို ကာကွယ်ရန် အရေးကြီးပါသည်။
ကျွန်ုပ်တို့၏ ဘဏ္ဍာရေးနှင့် မသက်ဆိုင်သော အချက်အလက်ထုတ်ပြန်ချက်ကို ပုံဖော်ဖွဲ့စည်းရန် အတွက် အဓိကစံနှုန်း လေးခုကို ထည့်သွင်းစဉ်းစားပါသည်။
စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။
အလုပ်ရှာရန်