မြန်မာ့ဩဘာလုပ်ငန်းစုသည် နိုင်ငံတစ်ဝန်းရှိ ဝင်ငွေနည်းပါးသူများအား ပံ့ပိုးကူညီရန် ရည်မှန်းချက်ရှိပါသည်။ ကျွန်ုပ်တို့၏ မူဝါဒတွင် ကျွန်ုပ်တို့၏ ဦးစားပေးအရာများနှင့် ကျွန်ုပ်တို့၏ တန်ဖိုးဆိုင်ရာ မဏ္ဍိုင် ၄ခု ကို ပါဝင်ထည့်သွင်းထားသည်။
မြန်မာ့သြဘာလုပ်ငန်းစုသည် ရေရှည်တွင် တည်တံ့ခိုင်မြဲပြီးအကျိုးရှိစေသည့် ဖြေရှင်းချက်များဖြင့် မိမိတို့နေထိုင်လုပ်ကိုင်သည့် လူနေမှုအသိုင်းအဝိုင်းရှိ တောင်သူဦးကြီးများနှင့် ၎င်းတို့မိသားစုများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့ လက်ရှိဆောင်ရွက်နေသော အစီအစဥ်များနှင့် စတင်ဆောင်ရွက်မှုများသည် အလုံးစုံပါဝင်နိုင်သော ဖွံ့ဖြိုးမှုကိုဖန်တီး၍ ကျွန်ုပ်တို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုကို လျှော့ချရန် အလေးပေးသည်။
စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။
အလုပ်ရှာရန်