တာဝန်ယူမှုရှိသော စီးပွားရေးအဖွဲအစည်းတစ်ခုအနေဖြင့်၊ မြန်မာ့သြဘာလုပ်ငန်းစု၏ လုပ်ငန်းဆောင်ရွက်ချက်များ သည် လူမှုအသိုင်းအဝိုင်းများအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများ မဖြစ်ပေါ်စေရန် မိမိတို့အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်ပါသည်။ မိမိတို့အနေဖြင့် အကျိုးသက်ဆိုင်သူများ၏ တုံ့ပြန်ချက်များကို တက်ကြွစွာ စောင့် ကြည့်ပြီး စိုးရိမ်မှုများကို အချိန်မီ ဖြေရှင်းဆောင်ရွက်လျက်ရှိပါသည်။
အကျိုးသက်ဆိုင်သူများနှင့် ထိတွေ့ဆက်ဆံခြင်း
မြန်မာ့သြဘာလုပ်ငန်းစုအပေါ် အကျိုးသက်ဆိုင်သူများ၏ ယုံကြည်မှုနှင့် စိတ်ချရမှုများသည် မိမိတို့၏ အဖိုးတန် ဆုံးသော အရင်းအနှီးများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။



ရာဂီမုန်တိုင်းအတွင်း ထောက်ပံ့ကူညီမှုများ
၂ဝ၂၄ ခုနှစ် စက်တင်ဘာလတွင် ရာဂီမုန်တိုင်းသည် မြန်မာနိုင်ငံအား ဝင် ရောက်တိုက်ခတ်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၉၂ မြို့နယ်တွင် ကျယ် ပြန့်သော ရေကြီးမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ လူဦးရေ ၂ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ ၁.၄ သန်းမှာ စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်းနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ထို့အပြင် စိုက်ပျိုးမြေ ဟက်တာ ၄၈ဝ,ဝဝဝ ကျော် နစ်မြုပ်ခဲ့ရပြီး၊ ၎င်းသည် နိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးမြေ ၃.၅ ရာခိုင်နှုန်းခန့် ရှိခဲ့ပါသည်။ တောင်သူလယ်သမားဦးရေ ၅၄ ရာခိုင်နှုန်းခန့်၏ သီးနှံများ၊ တိရစ္ဆာန်များ၊ စက်ကိရိယာများနှင့် အခြား မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များ ဆုံးရှုံးခဲ့ရပါသည်။

