ပိုမိုကောင်းမွန်သော စီးပွားရေး နည်းလမ်း အလေ့အထများ

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များ၏ သက်ရောက်မှုများကို ဆက်လက်ရင်ဆိုင်နေရပြီး ရာသီဥတုပြောင်းလဲမှုဒဏ်ကို အလွန်အမင်း ရင်ဆိုင်နေရသော အခြေအနေတွင် ရှိနေပါသည်။ ထို့ကြောင့် မြန်မာ့ သြဘာလုပ်ငန်းစုအနေဖြင့် ရေရှည်တည်တံ့ပြီး တာဝန်ယူမှုရှိသော စီးပွားရေးအလေ့အထများသည် ယခင်က ထက် ပိုမိုလုပ်ဆောင်ရန် အရေးကြီးသည်ဟု ယုံကြည်ပါသည်။ ထို့ကြောင့် မြန်မာ့သြဘာလုပ်ငန်းစုသည် မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်သော ပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချရန် သာမက ထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးတွင် အသိပညာပေးရန်နှင့် လုပ်ဆောင်ချက်များကို တွန်းအားပေးရန် လည်း ကတိပြုပါသည်။

ရေရှည်တည်တံ့သော စီးပွားရေးအလေ့အထများကို မြှင့်တင်ရန် စတင်ဆောင်ရွက်ခြင်း

မြန်မာ့ သြဘာလုပ်ငန်းစုသည် လုပ်ငန်းဆောင်ရွက်မှုများအတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန် ယူမှုရှိသော စီးပွားရေးအလေ့အထများကို တွန်းအားပေးဆောင်ရွက်နေသော ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုများကို ဂုဏ်ပြုရန်အတွက် Better MAG Award အစီအစဉ်ကို စတင်ခဲ့ပါသည်။ ဤအစီအစဉ်တွင် ဆု အမျိုးအစား လေးမျိုး ပါဝင်သည်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို ကန့်သတ်ခြင်း

လက်ရှိတွင် မြန်မာ့သြဘာလုပ်ငန်းစုသည် နေရောင်ခြည်စွမ်းအင်သုံး အစီအစဉ်များစွာကို အကောင်အထည်ဖော်ပြီးဖြစ်ပြီး မိမိတို့၏ ထုတ်လုပ် မှုနေရာများတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ထုတ်လုပ်သည့် ဖြေရှင်းနည်းများ ကိုလည်း အသုံးပြုလျက်ရှိပါသည်။

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်