မြန်မာ့သြဘာလုပ်ငန်းစုအကြောင်း

မြန်မာ့သြဘာလုပ်ငန်းစုကို မြန်မာနိုင်ငံရှိ လယ်ယာလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန် မြှင့်တင်ပေး မည်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၉၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး ကဏ္ဍကို များစွာမှီခိုအားထားနေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ဤကဏ္ဍအား ပိုမိုခိုင်မာအားကောင်းစေ ရန် ဆောင်ရွက်ခြင်းသည် တစ်နိုင်ငံလုံးရှိ လူမှုအသိုင်းအဝိုင်းများ၏ လူမှုစီးပွားဘဝကို များစွာ အထောက်အကူပြု ပေးနိုင်ပါသည်။
မြန်မာ့သြဘာလုပ်ငန်းစုသည် မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများအတွက် ရေရှည်တည်တံ့ပြီး အရည်အသွေး မြင့်မားသော ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပေးအပ်သွားရန် ကတိပြုထားပြီး တောင်သူလယ်သမားများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည့် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးလျက်ရှိပါသည်။ ထိုသို့ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် တောင်သူလယ်သမားများ၏ ပြောင်းလဲလာသော လိုအပ်ချက်များကို အစဉ်တစိုက် ဆန်းစစ်လေ့လာပြီး တောင်သူလယ်သမားများ (သို့မဟုတ်) ဝယ်ယူအားပေးသူများနှင့် ကျယ်ပြန့် သော လူမှုအသိုင်းအဝိုင်း တစ်ခုလုံးကိုပါ အထောက်အကူပြုနိုင်မည့် ဘက်စုံလွှမ်းခြုံသော ဖြေရှင်းချက်များကို အထူးစီမံ ဖော်ဆောင်ပေးလျက်ရှိပါသည်။

မြန်မာ့သြဘာလုပ်ငန်းစုသည် တောင်သူလယ် သမားများအတွက် ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖျန်းမြေသြဇာနှင့် အပင် ကြီးထွားမှု ဆိုင်ရာဆေးများကဲ့သို့သော မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးရေး သွင်းအားစုများကို စုံလင် စွာ ထောက်ပံ့ပေးလျက်ရှိပါသည်။ ထို့အပြင် သီးနှံ များ၏ အရည်အသွေးကို မြှင့်တင်ရန်နှင့် အထွက် နှုန်းတိုးတက် ကောင်းမွန်စေရန်အတွက် အရည် အသွေးမြင့် မျိုးစေ့များကိုလည်း ပံ့ပိုးပေးလျက် ရှိပါသည်။

မြန်မာ့သြဘာလုပ်ငန်းစုသည် တောင်သူလယ် သမားများ၏ သီးခြား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ထုတ်ကုန်များကို တီထွင် ထုတ်လုပ်လျက်ရှိပြီး သီးနှံအမျိုးအစားနှင့် ဒေသ အပေါ်မူတည်၍ လိုက်လျောညီထွေရှိစေရန် အထူး စီမံဆောင်ရွက်ထားသည့်အပြင် တောင်သူများ အနေဖြင့် သင့်တင့်သောဈေးနှုန်းဖြင့် ရရှိနိုင်စေ ရန်အတွက် အမျိုးအမည်စုံလင်လှသော ထုတ်ကုန် များကို ပြည်တွင်း၌ပင် ထုတ်လုပ်လျက်ရှိပါသည်။ ၎င်းအပြင် ဇီဝမြေဩဇာများ အပါအဝင် ဇီဝ စိုက်ပျိုးရေးဆိုင်ရာ ဖြေရှင်းချက်များ ပိုမိုတိုးတက် လာစေရန် အတွက်လည်း ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင် လျက်ရှိပါသည်။

မြန်မာ့သြဘာလုပ်ငန်းစုသည် တောင်သူလယ် သမားများကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ဘဏ္ဍာရေးနှင့် နည်းပညာဆိုင်ရာဝန်ဆောင်မှုများ ကို ပေးအပ်လျက်ရှိပါသည်။ တောင်သူများအနေဖြင့် ငွေကြေးအရင်းအနှီးများ ရရှိနိုင်ရန်နှင့် တိုးတက် လာသော နည်းပညာများကို အသုံးပြုနိုင်ရန် အတွက် နောက်ကျကျန်ရစ်ခြင်း မရှိစေရဘဲ ရရှိအသုံးပြုနိုင်ရန် အလေးထား ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန်အတွက် မြန်မာ့သြဘာလုပ်ငန်းစု၏ လက်အောက်ခံ ကုမ္ပဏီများမှတဆင့် ဆန်းသစ် သော ဖြေရှင်းချက်အသစ်များကို ဖော်ဆောင် ပေးလျက်ရှိပါသည်။

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်