စီးပွားရေးဆိုင်ရာ အလေ့အထများ

မြန်မာ့သြဘာလုပ်ငန်းစုသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောကုမ္ပဏီတစ်ခု အနေဖြင့် ကျွန်ုပ်တို့၏စီးပွားရေး မိတ်ဖက်များ၊ ပေးသွင်းသူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ထုတ်ကုန်များကို ထုတ်လုပ်သည့်အခါ မှန်ကန်သည့်အရာကို လုပ်ဆောင်ရန် ကြိုးပမ်းပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများသည် သက်ဆိုင်ရာ စည်းမျဉ်းများအားလုံးနှင့် ကိုက်ညီကြောင်း သေချာစေပါသည်။

Eco-efficient ဖြစ်သော ကုန်ထုတ်လုပ်သူ

ကျွန်ုပ်တို့၏ထုတ်ကုန်များထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများ၊ စွမ်းအင်နှင့် ရေတို့ကို မှီခိုပါသည်။ ကျွန်ုပ်တို့သည် ကုန်ထုတ်လုပ်ငန်းစဉ်များ၏ စွမ်းဆောင်ရည်ကို အကောင်းဆုံး ဖြစ်အောင်လုပ်ပြီး မူဝါဒ ချမှတ်ထားသည့်အတိုင်း အကျိုးသက်ရောက်မှုများကို ဂရုတစိုက်စောင့်ကြည့်ခြင်းဖြင့် ကျွန်ုပ်တို့၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို အတတ်နိုင်ဆုံး လျှော့ချရန် ရည်ရွယ်ပါသည်။ ကမ္ဘာမြေအတွက် အကျိုးရှိသောအရာသည် ကျွန်ုပ်တို့၏လုပ်ငန်းအတွက်လည်း ကောင်းမွန်ပါသည်။ စွမ်းအင် ချွေတာရန်နှင့် အမှိုက်များကို တတ်နိုင်သမျှ လျော့နည်းစေရန် ကျွန်ုပ်တို့ လုပ်ဆောင်နေပါသည်။

ကုန်စည်ထောက်ပံ့ရေးဆိုင်ရာ စီမံခန့်ခွဲမှု

ကုန်ကြမ်းတင်သွင်းရန် နှင့် ကုန်ချောအဖြစ်သို့ ပြောင်းလဲပြီး နိုင်ငံတစ်ဝန်းရှိ လယ်သမားထောင်ပေါင်းများစွာထံ ရောက်ရှိစေရန် ကျွန်ုပ်တို့သည် မိတ်ဖက်အမျိုးမျိုးနှင့် ကိုယ်စားလှယ် ၉၀၀ကျော် ဖြင့် နီးကပ်စွာလုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့၏ ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ပြီး ကျွန်ုပ်တို့၏ ထုတ်ကုန်များမှတစ်ဆင့် မြန်မာ့တောင်သူလယ်သမားများအကျိုးကျေးဇူးများ ရရှိစေရန်အတွက် မရှိမဖြစ်လိုအပ်သည့် အရေးပါသူအမျိုးမျိုးနှင့် တွေ့ဆုံဆက်သွယ်ပါသည်။

လူ့အခွင့်အရေး

မြန်မာ့ဩဘာသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန် ကြိုးပမ်းပါသည်။ ကျွန်ုပ်တို့သည် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ပြီး လိုအပ်သည့်အချိန်တိုင်းတွင် ထိရောက်သော ကုထုံးများ ပံ့ပိုးပေးနိုင်ကြောင်း သေချာစေပါသည်။

  • မြန်မာ့ဩဘာလုပ်ငန်းစုတွင် ကျင့်ဝတ်စည်းမျဉ်းမူဝါဒအား ချိုးဖောက်မှု ၁၇ ကြိမ် အား မှတ်တမ်းတင်ထားသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် ကျွန်ုပ်တို့၏ စက်ရုံတစ်ခုအား နေရာပြောင်းရွှေ့ခဲ့ပြီး၎င်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ မြန်မာ့ဩဘာလုပ်ငန်းစု၏ ဝက်ဘ်ဆိုက်ပေါ်တွင် ပွင့်လင်းမြင်သာစွာ ဖော်ပြထားသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသို့ ကုန်ကြမ်းပေးသွင်းသူများ၏ ၉၈ ရာခိုင်နှုန်းသည် မြန်မာ့စီးပွားရေး လုပ်ငန်းများဖြစ်ကြသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစု အသုံးစရိတ်၏ ၅၃ ရာခိုင်နှုန်းကို မြန်မာ့ပေးသွင်းသူများအတွက် အသုံးပြုခဲ့သည်။ မြန်မာ့သြဘာလုပ်ငန်းစုသည် ကုန်စည်ဝယ်ယူရရှိမှု ကိစ္စရပ်များအား သေချာစေရန် ပြည်တွင်းဝယ်ယူမှုကို အသုံးပြုခဲ့သည့် အတွက် ၂၀၂၂ မှ ၂၀၂၃ အတွင်း မြန်မာ့လုပ်ငန်းများမှ ဝယ်ယူမှု ၈ ဆ တိုးတက်ခဲ့သည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် ၂၀၂၃ ခုနှစ်တွင် ၁၁,၈၇၉ မီဂါဝပ် သုံးစွဲခဲ့ပြီး ကျွန်ုပ်တို့ စွမ်းအင်သုံးစွဲမှု၏ ၇၂ ရာခိုင်နှုန်းသည် မီးစက်အတွက် ဒီဇယ်အသုံးပြုမှုဖြစ်သည်။
  • မြန်မာ့ဩဘာလုပ်ငန်းစု၏ လစဉ်စွမ်းအင်အသုံးပြုမှုသည် ယခင်ကဲ့သို့ လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ  လျှပ်စစ်ဓာတ်အားကို အားကိုးနိုင်ရန် ခက်ခဲသောကြောင့် ဘဏ္ဍာနှစ် ၂၀၂၁/၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဘဏ္ဍာနှစ် ၂၀၂၂/၂၀၂၃ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် ကုန်ကြမ်းတန်ချိန် ၁၂၇,၉၆၉ တန်ချိန်အား အသုံးပြုခဲ့ပြီး ၎င်းတို့အနက် ၉၆ ရာခိုင်နှုန်းသည် အန္တရာယ်ရှိသော ကုန်ပစ္စည်းများ ဖြစ်ကြသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစု၏ လစဉ် စွန့်ပစ်ပစ္စည်းထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်ကြားတွင် ၇၅ ရာခိုင်နှုန်း ကျဆင်းသွားသည်။
  • ထိုစွန့်ပစ်ပစ္စည်းထုတ်လုပ်မှု၏ ၆၆ ရာခိုင်နှုန်းအား ပြန်လည် အသုံးပြုခြင်း (၁၄ ရာခိုင်နှုန်း) နှင့် ဘေးကင်းစွာ ပြန်လည်သိမ်းဆည်းခြင်း (၅၂ ရာခိုင်နှုန်း) အစရှိသည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ခဲ့သည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် ရေ ၇၆,၈၈၃ ကုဗမီတာကို သုံးစွဲခဲ့ပြီး ၂,၄၈၃ ကုဗမီတာကို စွန့်ပစ်ခဲ့သည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် လူအခွင့်အရေးကို လေးစားလိုက်နာ၍ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဝယ်ယူသူများနှင့် ပတ်သက်သည့် အန္တရာယ်များကို ပုံမှန်အကဲဖြတ် လုပ်ဆောင်လျက်ရှိသည်။

စွမ်းအင်သုံးစွဲမှု တိုးတက်ပြောင်းလဲလာခြင်း (ကီလို၀ပ်)

ကုန်စည်ထောက်ပံ့ရေး ဆိုင်ရာ လုပ်ငန်းစဉ် တိုးတက်ပြောင်းလဲလာခြင်း

ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုအပေါ် အကဲဖြတ်ခြင်း

မြန်မာ့သြဘာလုပ်ငန်းစုသည် မှော်ဘီမြို့နယ်ရှိ ဒေသခံတို့၏ စိုးရိမ်ပူပန်မှုကို သိရှိနားလည်သောကြောင့် Hmawbi Agricultural Input Complex (HAIC) စက်ရုံ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများကို နိုင်ငံတကာမှ သတ်မှတ်ထားသည့်အတိုင်းလိုက်နာလုပ်ဆောင်သွားမည်ဖြစ်သည်။
၂၀၀၃ ခုနှစ်၏ သဘာဝပတ်ဝန်းကျင်ဥပဒေအရ စီမံကိန်းဆောက်လုပ်ပြီးစီးချိန်တွင် ကြားခံတတိယအဖွဲ့အစည်းမှ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) ကိုဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ပြီးဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ပြီးနောက်တွင် မြန်မာ့သြဘာလုပ်ငန်းစုသည် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ လမ်းညွှန်ပြသမှုဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) အသစ်ကို ထပ်မံဆန်းစစ်ပြုလုပ်ခဲ့သည်။ ဤနောက်ဆုံး ဆန်းစစ်မှုကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ကို တင်ပြခဲ့ပြီးဖြစ်သည်။

မြန်မာ့သြဘာလုပ်ငန်းစုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် HAIC အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC-1016) (စာအမှတ်: EIA-3/2/ECC(EIA)(4944/2024) ဖြင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ သဘာဝပတ်ဝန်းကျင်သုံးသပ်ချက် (EIA) နည်းလမ်းအတွက် လိုအပ်ချက်များနှင့် ‌ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းဆောင်ရွက်မှုများအတွက် ကတိကဝတ်နဲ့အညီ လိုက်နာဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။

 

ESIA အစီရင်ခံစာကို ကြည့်ရှုရန်

ESMP အစီရင်ခံစာကို ကြည့်ရှုရန်

Grievance Mechanisms ကို မှော်ဘီဒေသရှိ လုပ်ငန်းတွင် အသုံးပြုပုံ

Grievance Mechanism ဆိုတာဘာလဲ?

မြန်မာ့သြဘာစီမံကိန်းများ၏ အကျိုးသက်ရောက်မှုကိုခံရသည့် လူမှုအသိုင်းအဝိုင်းမှ တိုင်ကြားချက်များနှင့် အကြံပြုချက်များကိုသိရှိနားလည်စေရန်၊ မြန်မာ့သြဘာလုပ်ငန်းစုနှင့် လူမှုအသိုင်းအဝိုင်းကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရရှိစေရန် လုပ်ဆောင်ပေးသောအရာတစ်ခုဖြစ်သည်။

မြန်မာ့သြဘာလုပ်ငန်းစု၏ ထူးခြားသောယုံကြည်ချက်နှင့် လုပ်ဆောင်ပုံ

  • လူမှုအသိုင်းအဝိုင်းမှ ဒေသခံကိုယ်စားလှယ်များကိုသင်တန်းပေးခြင်း
  • ထိရောက်သောသင်ကြားမှုအတွက် ကာတွန်းနှင့် အခြားဆွဲဆောင်မှုရှိသောနည်းလမ်းများကိုအသုံးပြု၍ သင်ကြားခြင်း
  • ရပ်ရွာဒေသအတွက် ဆိုင်းဘုတ်များထောင်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

လုပ်ဆောင်ပုံ

မြန်မာ့သြဘာလုပ်ငန်းစုနှင့် လူမှုအသိုင်းအဝိုင်းကြား အပြန်အလှန်ဆက်ဆံရေးရှိအောင် ပြုလုပ်ခြင်း

လူမှုအသိုင်းအဝိုင်းရှိ ဒေသခံများမှ မိမိတို့ဆန္ဒအားလွတ်လပ်စွာထုတ်ပြောခွင့်ရှိခြင်း

စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များလျော့နည်းအောင် စီမံခန့်ခွဲခြင်း

လူမှုအသိုင်းအဝိုင်းကြား လုပ်ငန်းလုပ်ကိုင်ရန် လူမှုရေးလိုင်စင် ရရှိအောင် ပြုလုပ်ခြင်း

ဒေသခံကိုယ်စားလှယ်များ

ကျေးလက်နေပြည်သူများမှ Grievance Mechanisms ဟုခေါ်သည့် နည်းလမ်းအသစ်ကိုအသုံးပြု၍ တိုင်ကြားမှုများနှင့် အကြံပေးမှုများကို ပြုလုပ်နိုင်ရန် ကျေးလက်ဒေသများမှ ဒေသခံကိုယ်စားလှယ်များကိုရွေးချယ်ထားရှိပါသည်။ အဆိုပါ ကိုယ်စားလှယ်များသည် လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြားနားလည်မှုရရှိအောင် အဓိကညှိုနှိုင်းပေးသူများဖြစ်သည်။

  • “နှစ်ဦးနှစ်ဖက်အတွက် ကောင်းမွန်တဲ့ရလဒ်တွေရရှိဖို့ အတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှသာ ဖြစ်နိုင်ပါတယ်”

    ဒေါ်စန်းစန်းမြင့်

    ကျောက်တောင်စု ဝါးနက်ချောင်းရွာမ

  • “ကျွန်တော်အမြင်ကတော့ ကိုယ့်ဘက်ကအားစိုက်ထုတ်မှုမပါဘဲသူများဆီကဘဲရယူဖို့ မမျှော်လင့်သင့်ပါဘူး။ ကိစ္စရပ်တိုင်း၊ အခက်အခဲတိုင်းကိုအတူတူရင်ဆိုင်ဖြေရှင်းသင့်ပါတယ်”

    ဦးရဲလင်းနိုင်

    အရှေ့ပိုင်း -၂ ဝါးနက်ချောင်းရွာမ

  • “ကျွန်တော်ကတော့ သတင်းအချက်အလက်တွေ နှင့် လုပ်ငန်းလုပ်ပုံအဆင့်ဆင့်အကြောင်းကိုသိရှိသင်ကြားလိုပါတယ်။ ပြီးတော့ ကျွန်တော် သင်ယူရရှိထားတဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကိုဒေသခံပြည်သူတွေနဲ့ မျှဝေချင်လို့ အခုလိုဒေသခံကိုယ်စားလှယ်လုပ်ခဲ့တာ ဖြစ်ပါတယ်”

    ဦးခင်မောင်ဦး

    ကြိမ်နီစမ်းကျေးရွာ ဘိုးဒေါနကုန်းကျေးရွာအုပ်စု

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်