အားလုံးအတူတကွဆောင်ရွက်ခြင်း

ကော်ပိုရိတ်ပရဟိတလုပ်ငန်း

မြန်မာ့ဩဘာလုပ်ငန်းစုသည် နိုင်ငံတစ်ဝန်းရှိ ထိခိုက်လွယ်သော လူမှုအသိုင်းအဝိုင်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစု၏ မူဝါဒသည် မိမိတို့၏ အာရုံစိုက်မှုနှင့် တန်ဖိုးမဏ္ဍိုင် လေးခုကို ရှင်းလင်းစွာ ဖော်ပြထားပါသည်။

၄.၅.၃ ၁၈ လတာကာလအတွက် အဓိကအချက်အလက်များ (၂၀၂၄/၂၅ ဘဏ္ဍာနှစ် နှင့် ၂၀၂၅/၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်)

    • မြန်မာ့ဩဘာလုပ်ငန်းစုသည် လူထုထံမှ တိုင်ကြားချက် ၅ ခုကို လက်ခံရရှိပြီး ဖြေရှင်းခဲ့ပါသည်။
    • မြန်မာ့ဩဘာလုပ်ငန်းစုသည် ၂၀၂၅ ခုနှစ် မတ်လ ငလျင်ဘေးကို တုံ့ပြန်သည့်အနေဖြင့် MAG Care ကမ်ပိန်းမှတစ်ဆင့် အဓိကအနေဖြင့် အဆိုပါ ၁၈ လတာကာလအတွင်း မြန်မာကျပ်ငွေ ၆.၅ ဘီလီယံကို ပရဟိတအဖွဲ့အစည်းအသီးသီးထံ လှူဒါန်းခဲ့ပါသည်။ ၎င်းသည် ၂၀၂၃/၂၄ ဘဏ္ဍာနှစ်တွင် မြန်မာကျပ်ငွေ ၃၁၁ သန်း လှူဒါန်းခဲ့ရာမှ သိသိသာသာ တိုးတက်လာခြင်းဖြစ်ပါသည်။

လူနေမှုဘဝများ မြှင့်တင်ရန် ရေရှည်တွင်အကျိုးရှိစေမည့် ဖြေရှင်းချက်များကို လူ့အသိုင်းအဝိုင်းနှင့်အတူပူးပေါင်းဖော်ထုတ်

အဆိုပါ ခံယူချက်သဘောထားသည် မြန်မာ့သြဘာလုပ်ငန်းစု၏ နှုန်းစံတန်ဖိုးမဏ္ဍိုင် ၄ ခုအပေါ်တွင် အခြေခံသည်။

မြန်မာ့သြဘာလုပ်ငန်းစုသည် ရေရှည်တွင် တည်တံ့ခိုင်မြဲပြီးအကျိုးရှိစေသည့် ဖြေရှင်းချက်များဖြင့် မိမိတို့နေထိုင်လုပ်ကိုင်သည့် လူနေမှုအသိုင်းအဝိုင်းရှိ တောင်သူဦးကြီးများနှင့် ၎င်းတို့မိသားစုများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူနေမှုဘ၀ တိုးတက်မြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့ လက်ရှိဆောင်ရွက်နေသော အစီအစဥ်များနှင့် စတင်ဆောင်ရွက်မှုများသည် အလုံးစုံပါဝင်နိုင်သော ဖွံ့ဖြိုးမှုကိုဖန်တီး၍ ကျွန်ုပ်တို့၏ တန်ဖိုးကွင်းဆက်တစ်လျှောက်ရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုကို လျှော့ချရန် အလေးပေးသည်။

ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးခန်း၊ ဆေးရုံနှင့် ကျန်းမာရေးဌာနများကို ကူညီထောက်ပံ့ခြင်း
ကောင်းမွန်သော ပတ်ဝန်းကျင်တွင် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများနှင့် သင်ထောက်ကူပစ္စည်းများကို အဆင့်မြှင့်တင်ခြင်း
ကျန်းမာသော လူမှုဘဝရရှိရေးအတွက် သန့်ရှင်းသောရေကို လူတိုင်းသုံးစွဲနိုင်ရန် ပံ့ပိုးကူညီခြင်း
ဝေးလံသောဒေသများတွင် လျှပ်စစ်ကွန်ရက်များနှင့် လမ်းများဆောက်လုပ်ခြင်း
သဘာဝ‌ဘေးအန္တရာယ်ကျရောက်သော ကျေးရွာများကို လိုအပ်သော အထောက်အကူပစ္စည်းများနှင့် ငွေကြေးများ ပံ့ပိုးကူညီခြင်း

ကျွန်ုပ်တို့၏ လူမှုတာဝန်ယူမှုလုပ်ငန်း(CSR) အစီအစဥ်များ

  • ဘေးအန္တရာယ်ကယ်ဆယ်ရေး

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်