ဦးစားပေးစီစဥ်ခြင်း
ဦးစွာအနေဖြင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် အကြောင်းအရာ ၄၈ ခုကို ဖော်ထုတ်ခဲ့သည်။ ၎င်းတို့ကို ဦးစားပေးစီစဥ်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့သည်။
- ကျွန်ုပ်တို့၏ တောင်သူလယ်သမားများ၊ ကိုယ်စားလှယ်များ၊ စီးပွားရေးမိတ်ဖက်များ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူများ စသည်တို့ ပါဝင်သည့် ကုမ္ပဏီပြင်ပမှ အကျိုးသက်ဆိုင်သူများ၏ ကိုယ်စားလှယ် ၈ ဦး
- အကြံပြုချက်များနှင့် အတွေးအမြင်များကို ဆွေးနွေးရန် အမှုဆောင်ဥက္ကဋ္ဌ ၁ ဦး ၊ အကြံပေးဘုတ်အဖွဲ့ဝင် ၁ဦး နှင့် အလုပ်အမှုဆောင်ကော်မတီမှ အဖွဲ့ဝင်အများစုပါဝင်သည့် လုပ်ငန်းစုအတွင်းရှိ အကျိုးသက်ဆိုင်သူ ၂၅ ဦး
ဤသို့ ဦးစားပေးဆောင်ရွက်ရမည့် ပြဿနာများနှင့်ကိစ္စရပ်များ၊ ဆွေးနွေးဆောင်ရွက်မည့် အကြောင်းအရာများကို လုပ်ငန်းစုအမှုဆောင်အရာရှိချုပ်က အတည်ပြုခဲ့ပါသည်။ အောက်ပါဇယားတွင် ကျွန်ုပ်တို့၏ အဓိကဦးစားပေးဆောင်ရွက်မည့် အကြောင်းအရာ ၉ ခုကို အသေးစိတ်ဖော်ပြထားပါသည်။








