စိုက်ပျိုးရေးဆိုင်ရာဝန်ဆောင်မှုများ

မြန်မာ့တောင်သူလယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေမည့် ပိုမို၍ ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ ဝန်ဆောင်မှုများ ဖော်ဆောင်နိုင်စေရန် အဓိကကိစ္စရပ်နှစ်ခုကို မြန်မာ့ဩဘာအနေဖြင့် အလေးပေး ဆောင်ရွက်ပါသည်။

သက်ရှိကမ္ဘာ

တောင်သူလယ်သမားများသည် သီးနှံများ စိုက်ပျိုးရန်နှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းမှု တည်တံ့ရန် သဘာဝအရင်းအနှီး (အထူးသဖြင့် ကျန်းမာသော မြေဆီလွှာနှင့် ပျားကဲ့သို့သော ဝတ်မှုန်ကူးသတ္တဝါများ) အပေါ် မှီခိုအားထားရသည်။ ဤအရင်းအမြစ်များကို ကာကွယ်ခြင်းသည် လယ်ယာလုပ်ကိုင်သည့် အသိုင်းအဝိုင်းများ၏ ရေရှည်ခံနိုင်ရည်နှင့် သာယာဝပြောရေးအတွက် မဖြစ်မနေ လိုအပ်ပါသည်။ ရာသီဥတုပြောင်းလဲမှုဒဏ် အထိခိုက်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် သိသာထင်ရှားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။
မြန်မာ့ဩဘာလုပ်ငန်းစုမှ အာရုံစိုက်နေသော အချက်များမှာ-
• မြန်မာ့ဩဘာလုပ်ငန်းစု၏ ကာဗွန်ထုတ်လုပ်မှုကို လျှော့ချရန်နှင့် နိုင်ငံတော်၏ ဂေဟစနစ်များကို ကာကွယ်စောင့်ရှောက်ရန်
• စွန့်ပစ်ပစ္စည်းများကို တာဝန်သိစွာ စီမံခန့်ခွဲခြင်းအပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရန် မိမိတို့၏ ထုတ်ကုန်များအတွက် သက်တမ်းလည်ပတ်မှု ဖြစ်စဉ်များကို ခွဲခြမ်းလေ့လာသည့် နည်းလမ်းအား အသုံးချရန်
• ရေရှည်တည်တံ့သော စိုက်ပျိုးရေး ကုန်ထုတ်စွမ်းအားများ ခိုင်မာစွာ ရရှိနိုင်စေရန် သဘာဝအရင်းအမြစ်များကို ကာကွယ်ခြင်းနှင့် ပြန်လည်ရှင်သန်စေခြင်းကို ပံ့ပိုးရန်
• ဝန်ထမ်းများ၊ အရောင်းကိုယ်စားလှယ်များနှင့် လယ်သမားများ အပါအဝင် အဓိကအကျိုးသက်ဆိုင်သူများအား တာဝန်ယူမှုရှိသော လုပ်ငန်းလုပ်ဆောင်မှု အလေ့အထများအကြောင်း အသိပညာပေးရန်နှင့် ကျင့်သုံးလာစေရန် တိုက်တွန်းအသိပေးရန်

၁၈ လတာကာလအတွက် အဓိကအချက်အလက်များ (၂၀၂၄/၂၅ ဘဏ္ဍာနှစ် နှင့် ၂၀၂၅/၂၆ ဘဏ္ဍာနှစ် ပထမနှစ်ဝက်)

• ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ မြန်မာ့ဩဘာလုပ်ငန်းစု၏ ထုတ်ကုန်စာရင်းတွင် ထုတ်ကုန် ၅၀၃ မျိုး ပါဝင်ပြီး ၂၀၂၃/၂၄ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ၅ ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။
• အဆိုပါ ၁၈ လတာကာလအတွင်း မျိုးစေ့များ၊ ပိုးသတ်ဆေးများနှင့် ပေါင်းသတ်ဆေးများ အဓိကအနေဖြင့် ထုတ်ကုန်အသစ် ၆၆ မျိုးကို ထုတ်လုပ်ခဲ့ပါသည်။
• မြန်မာ့ဩဘာလုပ်ငန်းစုသည် သင်တန်းပေါင်း ၈,၁၇၃ ခုကို စီစဉ်ပြုလုပ်ခဲ့ပြီး ထုတ်ကုန်များကို ထိရောက်ပြီး တာဝန်သိစွာ အသုံးပြုနိုင်ရန် တောင်သူဦးကြီး ၂၂၃,၀၃၂ ဦးကို လေ့ကျင့်ပေးခဲ့ပါသည်။
• မြန်မာ့ဩဘာလုပ်ငန်းစုသည် အဆိုပါ ၁၈ လတာကာလအတွင်း ၉,၄၁၃ တန်ဖြင့် ညီမျှသော ကာဗွန်ဒိုင်အောက်ဆိုက် (CO₂e) ကို ထုတ်လွှတ်ခဲ့ပါသည်။
• ဒီဇယ်ဂျင်နရေတာသုံးစွဲမှု တိုးလာခြင်းကြောင့် Scope 1 ထုတ်လွှတ်မှုသည် ယခုအခါ မြန်မာ့ဩဘာလုပ်ငန်းစု၏ ကာဗွန်ခြေရာ၏ ၈၄ ရာခိုင်နှုန်းကို ကိုယ်စားပြုနေပါသည်။

 

အမျိုးအစားတူ ထုတ်ကုန်နှင့် ဝန်ဆောင်မူ စုစုပေါင်း

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်