စီးပွားရေးဆိုင်ရာ အလေ့အထများ

မြန်မာ့သြဘာလုပ်ငန်းစုသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသောကုမ္ပဏီတစ်ခု အနေဖြင့် ကျွန်ုပ်တို့၏စီးပွားရေး မိတ်ဖက်များ၊ ပေးသွင်းသူများနှင့် ထိတွေ့ဆက်ဆံသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့၏ထုတ်ကုန်များကို ထုတ်လုပ်သည့်အခါ မှန်ကန်သည့်အရာကို လုပ်ဆောင်ရန် ကြိုးပမ်းပါသည်။ ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်မှုများသည် သက်ဆိုင်ရာ စည်းမျဉ်းများအားလုံးနှင့် ကိုက်ညီကြောင်း သေချာစေပါသည်။

ဂေဟစနစ်နှင့် သဟဇာတဖြစ်သော ကုန်ထုတ်လုပ်မှု

မြန်မာ့ဩဘာလုပ်ငန်းစု၏ ထုတ်ကုန်များကို ထုတ်လုပ်ရန်အတွက် ထုတ်ကုန်ပစ္စည်းများ၊ စွမ်းအင်နှင့် ရေတို့ကို မှီခိုအားထားရပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစု၏ မူဝါဒတွင် ဖော်ပြထားသည့်အတိုင်း စက်မှုလုပ်ငန်း လုပ်ငန်းစဉ်များ၏ ထိရောက်မှုကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းနှင့် မိမိတို့၏ သက်ရောက်မှုများကို ဂရုတစိုက် စောင့်ကြည့်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို အနည်းဆုံးဖြစ်စေရန် ရည်ရွယ်ပါသည်။ ကမ္ဘာမြေအတွက် ကောင်းမွန်သောအရာသည် မြန်မာ့ဩဘာလုပ်ငန်းစု၏ စီးပွားရေးအတွက်လည်း ကောင်းမွန်ပါသည်။ စွမ်းအင်ချွေတာရန်နှင့် စွန့်ပစ်ပစ္စည်းများကို တတ်နိုင်သမျှ ဖယ်ရှားရန် လုပ်ဆောင်လျက်ရှိပါသည်။

တန်ဖိုးကွင်းဆက်စီမံခန့်ခွဲမှု

ကုန်ကြမ်းများ တင်သွင်းပြီး ၎င်းတို့ကို အချောထည်ပစ္စည်းများအဖြစ် ပြောင်းလဲရန်အတွက် မိတ်ဖက်အမျိုးမျိုးနှင့်လည်းကောင်း၊ နိုင်ငံတစ်ဝန်းရှိ လယ်သမားသိန်းချီထံ ရောက်ရှိရန်အတွက် မြန်မာ့ဩဘာလုပ်ငန်းစု၏ ဖြန့်ဖြူးရောင်းချသူများနှင့်လည်းကောင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာ့ဩဘာလုပ်ငန်းစုသည် မိမိတို့၏ ထုတ်ကုန်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများထံ တန်ဖိုးများ ပေးအပ်ရာတွင် မရှိမဖြစ်လိုအပ်သော ပါဝင်လုပ်ဆောင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံပြီး စွန့်စားရမှုများကို အကဲဖြတ်ပါသည်။

လူ့အခွင့်အရေး

မြန်မာ့ဩဘာလုပ်ငန်းစုသည် လူ့အခွင့်အရေးကို လေးစားရန် ကတိပြုပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစုသည် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဆိုးကျိုးဖြစ်ပေါ်နိုင်မှုအခြေအနေများကို အကဲဖြတ်ပြီး လိုအပ်သည့်အခါတိုင်း ထိရောက်သော ကုစားမှုများ ပေးအပ်နိုင်စေရန် လုပ်ဆောင်လျက်ရှိပါသည်။

  • မြန်မာ့ဩဘာလုပ်ငန်းစုသည် အဆိုပါ ၁၈ လတာကာလအတွင်း ကျင့်ဝတ်စည်းမျဉ်း ဖောက်ဖျက်မှု ၁၈ ကြိမ်ကို မှတ်တမ်းတင်ခဲ့ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစု၏ ကုန်စည်တင်သွင်းသူများ၏ ၈၅ ရာခိုင်နှုန်းမှာ မြန်မာစီးပွားရေး လုပ်ငန်းများဖြစ်ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစု၏ အသုံးစရိတ်၏ ၈၈ ရာခိုင်နှုန်းကို မြန်မာကုန်စည်တင်သွင်းသူများထံ သုံးစွဲခဲ့ပြီး ၂၀၂၃/၂၄ ဘဏ္ဍာနှစ်တွင် ၈၉ ရာခိုင်နှုန်းရှိရာမှ အနည်းငယ်လျော့နည်းခဲ့ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် အဆိုပါ ၁၈ လတာကာလအတွင်း စွမ်းအင် ၃၅,၇၇၂ MWh ကို သုံးစွဲခဲ့ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် ၂၀၂၄/၂၅ ဘဏ္ဍာနှစ်တွင် ကုန်ကြမ်းတန်ချိန် ၅၇,၀၆၅ ကို သုံးစွဲခဲ့ပြီး သွင်းကုန်ဆိုင်ရာ စိန်ခေါ်မှုများကြောင့် ၂၀၂၃/၂၄ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့ကျခဲ့ပါသည်။ ထိုကုန်ကြမ်းများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် အန္တရာယ်ရှိသော ပစ္စည်းများဖြစ်ပြီး ပြည်ပမှ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် အဆိုပါ ၁၈ လတာကာလအတွင်း စွန့်ပစ်ပစ္စည်း တန်ချိန် ၄၇၃ တန်ကို ထုတ်လုပ်ခဲ့ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစု၏ စွန့်ပစ်ပစ္စည်း၏ ၅၃ ရာခိုင်နှုန်းကို ပြန်လည်အသုံးပြုခဲ့ပြီး ၃ ရာခိုင်နှုန်းကို ပြန်လည်ရယူအသုံးပြုကာ ၄၄ ရာခိုင်နှုန်းကို အမှိုက်ပုံများတွင် စွန့်ပစ်ခဲ့ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် အဆိုပါ ၁၈ လတာကာလအတွင်း ရေကုဗမီတာ ၅၉,၂၆၁ ကို သုံးစွဲခဲ့ပြီး ကုဗမီတာ ၅,၀၉၆ ကို စွန့်ထုတ်ခဲ့ပါသည်။
  • မြန်မာ့ဩဘာလုပ်ငန်းစုသည် လူအခွင့်အရေးကို လေးစားလိုက်နာ၍ ကျွန်ုပ်တို့၏ ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဝယ်ယူသူများနှင့် ပတ်သက်သည့် အန္တရာယ်များကို ပုံမှန်အကဲဖြတ် လုပ်ဆောင်လျက်ရှိသည်။

စွမ်းအင်သုံးစွဲမှု တိုးတက်ပြောင်းလဲလာခြင်း (ကီလို၀ပ်)

ကုန်စည်ထောက်ပံ့ရေး ဆိုင်ရာ လုပ်ငန်းစဉ် တိုးတက်ပြောင်းလဲလာခြင်း

ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုအပေါ် အကဲဖြတ်ခြင်း

မြန်မာ့သြဘာလုပ်ငန်းစုသည် မှော်ဘီမြို့နယ်ရှိ ဒေသခံတို့၏ စိုးရိမ်ပူပန်မှုကို သိရှိနားလည်သောကြောင့် Hmawbi Agricultural Input Complex (HAIC) စက်ရုံ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများကို နိုင်ငံတကာမှ သတ်မှတ်ထားသည့်အတိုင်းလိုက်နာလုပ်ဆောင်သွားမည်ဖြစ်သည်။
၂၀၀၃ ခုနှစ်၏ သဘာဝပတ်ဝန်းကျင်ဥပဒေအရ စီမံကိန်းဆောက်လုပ်ပြီးစီးချိန်တွင် ကြားခံတတိယအဖွဲ့အစည်းမှ ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) ကိုဆန်းစစ်လေ့လာအကဲဖြတ်ခဲ့ပြီးဖြစ်သည်။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများ ပြန်လည်ပြင်ဆင်ပြီးနောက်တွင် မြန်မာ့သြဘာလုပ်ငန်းစုသည် အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) ၏ လမ်းညွှန်ပြသမှုဖြင့် ပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှု (ESIA) အသစ်ကို ထပ်မံဆန်းစစ်ပြုလုပ်ခဲ့သည်။ ဤနောက်ဆုံး ဆန်းစစ်မှုကို ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ကို တင်ပြခဲ့ပြီးဖြစ်သည်။

မြန်မာ့သြဘာလုပ်ငန်းစုသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် HAIC အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC-1016) (စာအမှတ်: EIA-3/2/ECC(EIA)(4944/2024) ဖြင့် ရရှိခဲ့ပြီး မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ သဘာဝပတ်ဝန်းကျင်သုံးသပ်ချက် (EIA) နည်းလမ်းအတွက် လိုအပ်ချက်များနှင့် ‌ရေရှည်တည်တံ့ခိုင်မြဲရေး လုပ်ငန်းဆောင်ရွက်မှုများအတွက် ကတိကဝတ်နဲ့အညီ လိုက်နာဆောင်ရွက်မှုများကို ပြုလုပ်ခဲ့သည်။

 

ESIA အစီရင်ခံစာကို ကြည့်ရှုရန်

ESMP အစီရင်ခံစာကို ကြည့်ရှုရန်

Grievance Mechanisms ကို မှော်ဘီဒေသရှိ လုပ်ငန်းတွင် အသုံးပြုပုံ

Grievance Mechanism ဆိုတာဘာလဲ?

မြန်မာ့သြဘာစီမံကိန်းများ၏ အကျိုးသက်ရောက်မှုကိုခံရသည့် လူမှုအသိုင်းအဝိုင်းမှ တိုင်ကြားချက်များနှင့် အကြံပြုချက်များကိုသိရှိနားလည်စေရန်၊ မြန်မာ့သြဘာလုပ်ငန်းစုနှင့် လူမှုအသိုင်းအဝိုင်းကြား ပိုမိုကောင်းမွန်သည့် ဆက်ဆံရေးရရှိစေရန် လုပ်ဆောင်ပေးသောအရာတစ်ခုဖြစ်သည်။

မြန်မာ့သြဘာလုပ်ငန်းစု၏ ထူးခြားသောယုံကြည်ချက်နှင့် လုပ်ဆောင်ပုံ

  • လူမှုအသိုင်းအဝိုင်းမှ ဒေသခံကိုယ်စားလှယ်များကိုသင်တန်းပေးခြင်း
  • ထိရောက်သောသင်ကြားမှုအတွက် ကာတွန်းနှင့် အခြားဆွဲဆောင်မှုရှိသောနည်းလမ်းများကိုအသုံးပြု၍ သင်ကြားခြင်း
  • ရပ်ရွာဒေသအတွက် ဆိုင်းဘုတ်များထောင်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း

လုပ်ဆောင်ပုံ

မြန်မာ့သြဘာလုပ်ငန်းစုနှင့် လူမှုအသိုင်းအဝိုင်းကြား အပြန်အလှန်ဆက်ဆံရေးရှိအောင် ပြုလုပ်ခြင်း

လူမှုအသိုင်းအဝိုင်းရှိ ဒေသခံများမှ မိမိတို့ဆန္ဒအားလွတ်လပ်စွာထုတ်ပြောခွင့်ရှိခြင်း

စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်များလျော့နည်းအောင် စီမံခန့်ခွဲခြင်း

လူမှုအသိုင်းအဝိုင်းကြား လုပ်ငန်းလုပ်ကိုင်ရန် လူမှုရေးလိုင်စင် ရရှိအောင် ပြုလုပ်ခြင်း

ဒေသခံကိုယ်စားလှယ်များ

ကျေးလက်နေပြည်သူများမှ Grievance Mechanisms ဟုခေါ်သည့် နည်းလမ်းအသစ်ကိုအသုံးပြု၍ တိုင်ကြားမှုများနှင့် အကြံပေးမှုများကို ပြုလုပ်နိုင်ရန် ကျေးလက်ဒေသများမှ ဒေသခံကိုယ်စားလှယ်များကိုရွေးချယ်ထားရှိပါသည်။ အဆိုပါ ကိုယ်စားလှယ်များသည် လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြားနားလည်မှုရရှိအောင် အဓိကညှိုနှိုင်းပေးသူများဖြစ်သည်။

  • “နှစ်ဦးနှစ်ဖက်အတွက် ကောင်းမွန်တဲ့ရလဒ်တွေရရှိဖို့ အတူပူးပေါင်းဆောင်ရွက်လုပ်ကိုင်မှသာ ဖြစ်နိုင်ပါတယ်”

    ဒေါ်စန်းစန်းမြင့်

    ကျောက်တောင်စု ဝါးနက်ချောင်းရွာမ

  • “ကျွန်တော်အမြင်ကတော့ ကိုယ့်ဘက်ကအားစိုက်ထုတ်မှုမပါဘဲသူများဆီကဘဲရယူဖို့ မမျှော်လင့်သင့်ပါဘူး။ ကိစ္စရပ်တိုင်း၊ အခက်အခဲတိုင်းကိုအတူတူရင်ဆိုင်ဖြေရှင်းသင့်ပါတယ်”

    ဦးရဲလင်းနိုင်

    အရှေ့ပိုင်း -၂ ဝါးနက်ချောင်းရွာမ

  • “ကျွန်တော်ကတော့ သတင်းအချက်အလက်တွေ နှင့် လုပ်ငန်းလုပ်ပုံအဆင့်ဆင့်အကြောင်းကိုသိရှိသင်ကြားလိုပါတယ်။ ပြီးတော့ ကျွန်တော် သင်ယူရရှိထားတဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကိုဒေသခံပြည်သူတွေနဲ့ မျှဝေချင်လို့ အခုလိုဒေသခံကိုယ်စားလှယ်လုပ်ခဲ့တာ ဖြစ်ပါတယ်”

    ဦးခင်မောင်ဦး

    ကြိမ်နီစမ်းကျေးရွာ ဘိုးဒေါနကုန်းကျေးရွာအုပ်စု

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်