မြန်မာ့သြဘာလုပ်ငန်းစုသည် တောင်သူဦးကြီးများ၏ လူနေမှုဘ၀ မြင့်မားစေရေးအတွက် ဘက်စုံနည်းလမ်းများဖြင့် အဖြေရှာပံ့ပိုးပေးရာတွင် စိုက်ပျိုးရေးသွင်းအားစုမျိုးစုံသာမက
နည်းပညာများအသုံးပြုကာစိုက်ပျိုးရေးကဏ္ဍ ကွင်းဆက်တစ်ခုလုံးတိုးတက်လာအောင်လုပ်ဆောင်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍအတွက် ရေရှည်တည်တံ့သော အရည်အ‌သွေးမြင့် ဝန်ဆောင်မှုများ ဖန်တီး‌ခြင်း

ဘဏ္ဍာရေးဆိုင်ရာ အလုံးစုံပါဝင်မှု

ငွေကြေးဝန်ဆောင်မှုများ

ပိုမိုကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်များ

  • ဈေးနှုန်းသက်သာ၍ အလွယ်တကူ လက်လှမ်းမီ နိုင်သော စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ
  • အရည်အသွေးမြင့် မျိုးစေ့ အမျိုးစုံ
  • ပြည်တွင်းလိုအပ်ချက်များနှင့် ကိုက်ညီအောင်ဆောင်ရွက်ထားသော ဓာတ်မြေဩဇာများ
  • အဆင့်မြင့် စိုက်ပျိုးရေး နည်းပညာ

လူမှုအသိုင်းအဝိုင်းနှင့် ပြောဆိုဆက်သွယ် ထောက်ပံ့အားဖြည့်ခြင်း​

ကျွန်ုပ်တို့၏ လုပ်ငန်းများအတွင် ပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ တာဝန်ယူမှုရှိနေစေရန် လူမှုအသိုင်းအဝိုင်းများနှင့် အစဥ် ပြောဆိုဆက်ဆံသည်။

စိုက်ပျိုးရေးသုံး ဓာတုပစ္စည်းများ

ပင်မအမှတ်တံဆိပ် (၄) ခုအောက်တွင် ကုန်ပစ္စည်းပေါင်း (၂၅၀) ကျော်တို့ဖြင့် မြန်မာ့သြဘာလုပ်ငန်းစုသည် ဈေးကွက်အတွင်း ဦးဆောင်လျက်ရှိပြီး သုံးစွဲသူများ၏ ယုံကြည်မှုကို ခိုင်ခိုင်မာမာ ရရှိထားပါသည်။ မြန်မာ့သြဘာလုပ်ငန်းစု၏ ထုတ်ကုန်များမှာ စိုက်ပျိုးရေးသုံးပိုးသတ်ဆေး၊ အပင်ရောဂါကာကွယ်နှိမ်နှင်းဆေး ပေါင်းသတ်ဆေး၊ အရွက်ဖြန်း ဓါတ်မြေသြဇာ နှင့် အပင်ဟော်မုန်းဆေး တို့ဖြစ်ပြီး တောင်သူများ သုံးစွဲနိုင်သော ဈေးနှုန်းဖြစ်စေရန် ပြည်တွင်းတွင် ဖော်စပ်ထုတ်လုပ်လျက်ရှိသည်။

မျိုးစေ့များ

တောင်သူဦးကြီးတို့အနေဖြင့် သီးနှံမျိုးကောင်းများ အမျိုးအစားအစုံကို လက်လှမ်းမီရရှိရေးအတွက် အရည်အသွေးမြင့် မျိုးစေ့များဖြန့်ဖြူးနိုင်ရန် ဦးတည်ဆောင်ရွက်နေပါသည်။ မျိုးစေ့လုပ်ငန်းတွင် ပြောင်း၊ ဟင်းသီးဟင်းရွက်များ၊ ပဲမျိုးစုံ နှင့် ဆီထွက်သီးနှံ မျိုးစေ့များ အမျိုးအစား များပြားစုံလင်စေရန် တိုးချဲ့လုပ်ဆောင် လျက်ရှိပါသည်။

ဓာတ်မြေသြဇာ

အရည်အသွေးမြင့်မားရေးကို အထူးအလေးထားလျက် ဒေသနှင့် သီးနှံလိုအပ်ချက်အချိုးအစားဖြင့် ကိုက်ညီသည့် ဓာတ်မြေသြဇာများကို ပင်မအမှတ်တံဆိပ် (၄) ခုအောက်တွင် အမျိုးအစား (၄၀) ကျော် ကို မြန်မာ့သြဘာလုပ်ငန်းစုက ခွဲခြားထုတ်ဝေလျှက်ရှိပါသည်။ သီးနှံအမျိုးအစားများစွာအတွက် အမြင့်မားဆုံးသောာ အာဟာရဓာတ်ကို ပေးစွမ်းနိုင်ရန်၊ အထွက်နှုန်း မြင့်မားစေရန် နှင့် တောင်သူဦးကြီးများ အကျိုးအမြတ် တိုးပွားရရှိရန် ဦးတည်ချက်ထားဆောင်ရွက်နေပါသည်။

ငွေကြေးလုပ်ငန်း

တောင်သူဦးကြီးများ၏ စိုက်ပျိုးစီးပွားလုပ်ငန်းများ ရေရှည်တည်တံ့ ဖွံ့ဖြိုးစေရန်အတွက် ချေးငွေထောက်ပံ့မှုများနှင့် ငွေကြေးဆိုင်ရာဝန်ဆောာင်မှုများ လိုအပ်သည်ကို မိမိတို့ ကောင်းစွာနားလည်ပါသည်။ ထို့ကြောင့် မြန်မာ့သြဘာလုပ်ငန်းစုမှ ဝန်ဆောင်မှုပေးနေသည့် (၃.၂) သန်းသော လယ်ယာမိသားစုများအား ဘဏ္ဍာရေးထောက်ပံ့မှုများ ပေးအပ်သွားရန် ရည်ရွယ်ထားပါသည်။

စိုက်ပျိုးရေး နည်းပညာ

အထွက်တိုးပြီး အကျိုးအမြတ်များ ရရှိစေရန်အတွက် လိုအပ်သည့် အသိပညာ၊ ဗဟုသုတများကို တောင်သူဦးကြီးများအား ဖြန့်ဝေပေးရန်မှာ မြန်မာ့သြဘာလုပ်ငန်းစု၏ ရည်ရွယ်ချက်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကြိုးမဲ့ဆက်သွယ်ရေးကိရိယာများ၊ ဂြိုလ်တု နည်းပညာနှင့် အင်တာနက် တို့ကို အသုံးပြုကာ လက်တွေ့ဆောင်ရွက်နိုင်သည့် အစွမ်းထက်သော ဖြေရှင်းချက်များဖြင့် စိုက်ပျိုးရေးနည်းပညာပေးခြင်း အသွင်အပြင်သစ် အဆင့်အတန်းတစ်ရပ်အား မြန်မာ့သြဘာမှ ဖော်ဆောင်လျက်ရှိပါသည်။

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်