မြန်မာ့သြဘာလုပ်ငန်းစုမှ ကြီးမှူးကျင်းပသည့် Better MAG Forum 2026 နှင့် Better MAG Awards 2025 ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ Melia Hotel Yangon ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
Better MAG Forum 2026 အခမ်းအနားတွင် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာ့သြဘာ လုပ်ငန်းစု၏ Executive Management များ၊ ဆုရရှိသူများ နှင့် ဆန်ခါတင် (Finalist) များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး Better MAG Awards 2025 ဆုချီးမြှင့်ပွဲကို Better Farming Award, Better Distributor Award, Better Innovation Award နှင့် Better Employee Award Categories များတွင် အနိုင်ရရှိသူများနှင့် ဆန်ခါတင်ရွေးချယ်ခံရသူ (၁၆) ဦးအား ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ မြန်မာ့ စိုက်ပျိုးရေးကဏ္ဍအတွက် ရေရှည်တည်တံ့ခိုင်မြဲရေးစွမ်းဆောင်မှုဆိုင်ရာ အရေးပါသည့်အချက်အလက် များ၊ အနိုင်ရရှိခဲ့သော Winner (၅) ဦးရဲ့ ပရောဂျက်အတွေ့အကြုံများနှင့် လက်တွေ့ အသုံးချ နိုင်သည့် အလေ့အကျင့်များကို အပြန်အလှန်မျှဝေရင်း ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ စိုက်ပျိုးရေးအလေ့အထ များအကြောင်း အသိပညာတိုးတက်မှုများ ရရှိစေနိုင်ခဲ့ပါသည်။
မြန်မာ့သြဘာလုပ်ငန်းစုအနေဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ ရေရှည်တည်တံ့ခိုင်မြဲမှု၊ ထုတ်လုပ်မှု တိုးတက်ရေးနှင့် လူမှုအသိုင်းအဝိုင်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့သြဘာလုပ်ငန်းစုမှ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုင်ရာ အဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပါရန်၊ Sustainable Agricultural Practices များနှင့်ပတ်သက်သည့် အကောင်းဆုံး လုပ်ထုံးလုပ်နည်းများကို လက်တွေ့တွင် အသုံးချပါ ရန် အားလုံးကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။
မြန်မာ့သြဘာလုပ်ငန်းစုနှင့်အတူတကွ ပူးပေါင်းရှေ့ဆက်၍ ပိုမိုကောင်းမွန်ပြီး ရေရှည်တည်တံ့ခိုင်မြဲ သော စိုက်ပျိုးရေးအနာဂတ်တစ်ခုကို ဖန်တီးနိုင်ကြပါစို့။
#MyanmaAwbaGroup #BetterMAGAwards2025 #BetterMAGForum2026
စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။
အလုပ်ရှာရန်