ပဋိပက္ခများ သို့မဟုတ် သဘာဝဘေးအန္တရာယ်များ၏ အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းနေရ သည့်အချိန်တွင် မြန်မာ့ဩဘာလုပ်ငန်းစု၏ ဝန်ထမ်းများအားလုံးအတွက် အထောက်အပံ့ရှိပြီး အားပေးသည်ဟု ခံစားရသော လုပ်ငန်းခွင် တစ်ခုကိုပေးဆောင်နိုင်ရန်အတွက် မြန်မာ့ဩဘာမှ ကြိုးပမ်း တည်ဆောက်လျက်ရှိပါသည်။ မြန်မာတောင်သူ ဦးကြီးများကို ကောင်းစွာဝန်ဆောင်မှုပေးရန်မှာ မြန်မာ့ဩဘာလုပ်ငန်းစုအတွက် အရေးကြီးသောကြောင့် မြန်မာ့ ဩဘာ၏ ဝန်ထမ်းများကိုလည်း ကောင်းစွာဂရုစိုက်ပေးရပါမည်။ မြန်မာ့တောင်သူဦးကြီးများထံယုံကြည်မူ တည်ဆောက်ရန်နှင့် ဝန်ဆောင်မှုများကို ပေးအပ်ရန်အတွက် မရှိမဖြစ် လိုအပ်နေသောကြောင့် မြန်မာ့ဩဘာ၏ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုနှင့် အရည်အချင်းများသည် အခြေခံတည်ဆောက်မှု အုတ်မြစ်တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ဩဘာလုပ်ငန်းစု၏ ဝန်ထမ်းအားလုံး ဘေးကင်းစွာအလုပ်လုပ်နိုင်သည့်၊ ဝန်ထမ်းများ၏စွမ်းရည် များကို မြှင့်တင်နိုင်ပြီး အလားအလာကို ဖော်ပြနိုင်သည့် တရားမျှတပြီး ပါဝင်မှုရှိသော အလုပ်ခွင်တစ်ခုကို ပံ့ပိုးပေး ရန် မြန်မာ့ဩဘာလုပ်ငန်းစုမှ ကတိပြုပါသည်။

မိတ်ဖက် ထောက်ခံချက်
BCGE အနေဖြင့် ပုဂ္ဂလိကကဏ္ဍအတွင်း ကျား၊မ ကျား၊မ တန်းတူညီမျှမှု နှင့်ပတ်သက်၍ အပြုသဘောဆောင်တဲ့ တိုးတက်မှု တစ်ခုကို မြင်တွေ့ခဲ့ရပြီး ၂၀၂၃ ခုနှစ် မေလကစပြီး တက်ကြွသည့် အဖွဲ့ဝင်အဖြစ် မြန်မာ့ဩဘာလုပ်ငန်းစုပါဝင်လာ သည်ကို ဂုဏ်ယူဝမ်းမြောက်မိပါသည်။ မြန်မာ့ဩဘာလုပ်ငန်းစုသည် ကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ အားလုံးပါဝင်မှုတို့ အတွက် သိသာထင်ရှားတဲ့ ကတိ ကဝတ်များဖြင့် ရပ်တည်ရှိပါသည်။ ကျွန်ုပ်တို့ အနှစ်သက်ဆုံးရပ်တည်မှုမှာ မြန်မာ့ဩဘာလုပ်ငန်းစု၏ ပါဝင်ကြိုးပမ်း ဆောင်ရွက်မှုများသည် အတွင်းပိုင်းလုပ်နိုင်အားထက် ကျော်လွန်ကာ ပြင်ပ အကျိုးသက်ဆိုင်သူများမှ လည်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ မကြာသေး မီမှ ပြုလုပ် ကျင်းပခဲ့သော “This is Not a Joke လှုပ်ရှားမှုကို မြန်မာ့ဩဘာ လုပ်ငန်းစုမှ ကူညီထောက်ပံ့ပေးခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိရပါသည်။ ကျား၊မ တန်းတူညီမျှမှုကို စီးပွားရေးလုပ်ငန်းခွင်များ၏ မရှိမဖြစ်လိုအပ်ချက် တစ်ခု အဖြစ် ရှုမြင်သည့် မြန်မာ့ဩဘာလုပ်ငန်းစုကဲ့သို့သော အဖွဲ့ဝင်များ ပိုမိုများပြားလာနိုင်ပါစေရန် ကျွန်တော်တို့ အမှန် တကယ် ဆုတောင်းမိပါသည်။

