ကော်ပိုရိတ် စီမံအုပ်ချုပ်မှု

မြန်မာ့ဩဘာလုပ်ငန်းစု၏ စီမံအုပ်ချုပ်မှုပုံစံသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို လမ်းညွှန်ပေးသည့် မူဘောင်များ ကို ချမှတ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ပြောင်းလဲတိုးတက်နေသော ယနေ့ခေတ် ဈေးကွက် ပတ်ဝန်းကျင်တွင် မြန်မာ့ဩဘာလုပ်ငန်းစုအနေဖြင့် ကဏ္ဍအသီးသီး၌ အချိန်နှင့်တစ်ပြေးညီစွာ ဆုံးဖြတ်ချက် ကောင်းများ ချမှတ်နိုင်ရန်မှာ အထူးပင်အရေးကြီးလှပါသည်။ ၂ဝ၂၅ ခုနှစ်တွင် မြန်မာ့သြဘာလုပ်ငန်းစုစတင်ခဲ့သော နှစ် (၃ဝ) ပြည့်သည့်နှစ် ဖြစ်သည်နှင့်အမျှ မြန်မာ့ဩဘာ လုပ်ငန်းစု၏ တည်ထောင်သူ၊ ဥက္ကဋ္ဌနှင့် လုပ်ငန်းစု CEO အတွက် ဆက်ခံရေးအစီအစဉ်ကို စတင်ခဲ့ပါသည်။ ရလဒ် အနေဖြင့် ဒါရိုက်တာဘုတ်အဖွဲ့မှ ဦးအောင်စည်အား ဒါရိုက်တာအသစ်အဖြစ် ကြိုဆို ခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် မတူညီသော စီးပွားရေးအဖွဲ့ (BU) များမှ ခေါင်းဆောင်များအား မြန်မာ့ဩဘာလုပ်ငန်းစု၏ ဒါရိုက်တာဘုတ်အဖွဲ့ထံ စနစ်တကျဖြင့် ပုံမှန်အစီရင်ခံတင်ပြရန် ဖိတ်ကြားခဲ့ပါသည်။

မြန်မာ့ဩဘာလုပ်ငန်းစု၏ ရေရှည်တည်တံ့ခိုင်မြဲရေး မဟာဗျူဟာ

မြန်မာ့ဩဘာလုပ်ငန်းစုသည် ပြည်တွင်းနှင့် ပြည်ပအကျိုးသက်ဆိုင်သူများအတွက် အရေးပါသည့် ကိစ္စရပ်များကို ဖော်ထုတ်နိုင်ရန် အကျိုးသက်ဆိုင်သူအများအပြားနှင့် တွေ့ဆုံခဲ့ပြီးနောက် ၂ဝ၂၁ ခုနှစ်တွင် ရေရှည်တည်တံ့ခိုင်မြဲ ရေး မဟာဗျူဟာကို ချမှတ်ခဲ့ပါသည်။ ၂၀၂၅ ခုနှစ်တွင် ရေရှည်တည်တံ့ခိုင်မြဲရေးကို မြန်မာ့ဩဘာလုပ်ငန်းစု၏ လုပ်ငန်းများတွင် မည်သို့ ထည့်သွင်းအကောင်အထည်ဖော်ရမည်ကို ကောင်းမွန်စွာ သိရှိနိုင်ရန်အတွက် မြန်မာ့ ဩဘာလုပ်ငန်းစု၏ ဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြန်မာ့ဩဘာလုပ်ငန်းစု၏ စီးပွားရေးအဖွဲ့ (BU) စီမံခန့်ခွဲ မှုအဖွဲ့များမှ အဖွဲ့ဝင်များအဖြစ် ပါဝင်သော ရေရှည်တည်တံ့ခိုင်မြဲရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ပါသည်။ ၂ဝ၂၅ ခုနှစ်တွင် ကော်မတီသည် မြန်မာ့ဩဘာလုပ်ငန်းစု မဟာဗျူဟာ၏ ဆီလျော်မှုကို အကဲဖြတ်ရန် ဆုံးဖြတ်ခဲ့ ပြီး ထိုသို့ပြုလုပ်ရန် အလုပ်ရုံဆွေးနွေးပွဲများ ဆက်တိုက်ကျင်းပခဲ့ပါသည်။

စိုက်ပျိုးရေးကိုချစ်မြတ်နိုးပြီးစိုက်ပျိုးရေးဖြင့် ဘဝအရည်အသွေး မြှင့်တင်ရာတွင် စိုက်ပျိုးရေးကဏ္ဍ၏ အရေးပါမှုကို ယုံကြည်သူများကိုဖိတ်ခေါ်လိုပါသည်။

အလုပ်ရှာရန်